မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း)နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို နေပြည်တော်တွင် (၄)ရက်ကြာ ကျင်းပသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း)နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို နေပြည်တော်တွင် (၄)ရက်ကြာ ကျင်းပသွားမည်



ရန်ကုန်၊ မေ ၂၀

မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို နေပြည်တော်တွင် ကျင်းပရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ က စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ လင်ချန်းမြို့အစိုးရတို့ ပူးပေါင်း၍ ကြီးမှူးကျင်းပသော  လေးရက်ကြာ ကုန်စည်ပြပွဲကို မေလ ၂၅ ရက်မှ ၂၈ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ကုန်စည်ပြပွဲကို  နှစ်နိုင်ငံ ကုန်သွယ်မှုဆက်ဆံရေးတိုးမြှင့်ရန်၊ ကုန်သွယ်မှုမြှင့်တင်ရန်နှင့် နှစ်နိုင်ငံလုပ်ငန်းရှင်များ အချင်းချင်း တွေ့ဆုံနိုင်ရန် ရည်ရွယ်ပြီး ကျင်းပမည်ဖြစ်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ က မီဒီယာသို့ ပြောဆိုထားသည်။

COVID-19 ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံး ဧည့်သည်တွေ လာရောက်နိုင်တဲ့ မြန်မာ-တရုတ် ကုန်စည်ပြပွဲဖြစ်ပြီး ကုန်စည်ပြပွဲတွင် နှစ်နိုင်ငံမှ ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပါဝင်ပြသမည်ဖြစ်သည်။ ကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံမှ  ဆိုင်ခန်းပေါင်း ၄၀ ကျော်နှင့်  မြန်မာနိုင်ငံမှ  ဆိုင်ခန်းပေါင်း  ၇၀ ဝန်းကျင်ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

ကုန်စည်ပြပွဲတွင်တရုတ်နိုင်ငံမှ  ကော်ဖီ၊ လက်ဖက်ခြောက်၊ မက္ကဒေးမီးယား၊ အသင့်စား စားသောက်ကုန်များ၊ ဆိုလာစွမ်းအင်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ မီးဖိုဆောင်နှင့်အခြားလူသုံးကုန်ပစ္စည်းများအပါအဝင် မြန်မာ့ကျောက်မျက်ရတနာပစ္စည်းများ၊ ဒေသထွက်ကုန်နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME)  ထုတ်ကုန်များကို ပါဝင်ပြသမည်ဖြစ်ပြီး နောက်ဆုံး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ လားရှိုးမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment