CRPH, NUG အကြမ်းဖက်အဖွဲ့များက ၎င်းတို့လုပ်ကြံသတ်ဖြတ် လိုသူများ၏ အချက်အလက်များ၊ ဓာတ်ပုံများကို ပေးပို့စေခိုင်းလျက်ရှိပြီး လုပ်ကြံသတ်ဖြတ်မှု ၁ ကြိမ်လျှင် ပစ်ခတ်လုပ်ကြံသူအား ငွေကျပ် ၅ သိန်း၊ အခြေအနေ ကြည့်ရှုပေးသူအား ငွေကျပ် ၁ သိန်း ပေး၍ ခိုင်းစေခြင်းဖြစ်ကြောင်း ဖမ်းဆီးရမိ Yangon Revolution Force-YRF အမည်ခံအကြမ်းဖက် အဖွဲ့ဝင်များ ထွက်ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

CRPH, NUG အကြမ်းဖက်အဖွဲ့များက ၎င်းတို့လုပ်ကြံသတ်ဖြတ် လိုသူများ၏ အချက်အလက်များ၊ ဓာတ်ပုံများကို ပေးပို့စေခိုင်းလျက်ရှိပြီး လုပ်ကြံသတ်ဖြတ်မှု ၁ ကြိမ်လျှင် ပစ်ခတ်လုပ်ကြံသူအား ငွေကျပ် ၅ သိန်း၊ အခြေအနေ ကြည့်ရှုပေးသူအား ငွေကျပ် ၁ သိန်း ပေး၍ ခိုင်းစေခြင်းဖြစ်ကြောင်း ဖမ်းဆီးရမိ Yangon Revolution Force-YRF အမည်ခံအကြမ်းဖက် အဖွဲ့ဝင်များ ထွက်ဆို










MNP ၊ မေ ၂၀

၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့လယ်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူသည် ဇနီးဖြစ်သူအား “အောင်ရတနာ” အထူးကုဆေးရုံသို့ မော်တော်ယာဉ်ဖြင့်ပို့ဆောင်ပြီးပြန်လာခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၂) ရပ်ကွက်၊ ဝေဇယန္တာလမ်း၊ အမှတ် (၁၆) လမ်းဆုံအနီးသို့ ရောက်ရှိစဉ် (စိစစ်ဆဲ) ကျား ၂ ဦးမှ မော်တော်ယာဉ်ရှေ့၌ပိတ်ရပ်၍ ပစ္စတို ၂ လက်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးစိုင်းကျော်သူသည် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။


သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိရေးအတွက် နေ့/ညမပြတ်အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တရား မျှတမှုကိုလိုလား၍ အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏လျှို့ဝှက်သတင်း ပေးပို့မှုများကြောင့် မေလ ၁၂ ရက် နံနက်ပိုင်းတွင် ဦးစိုင်းကျော်သူအား လုပ်ကြံ သတ်ဖြတ်ရာတွင်စက်ဘီးဖြင့် အခြေအနေကြည့်ရှုပေးသူတရားခံ အာကာထက်ကျော် (ခ)အောင်သုခအား Glock ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၂၀ တောင့် တို့နှင့်အတူ စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်၊ ဇလွန်လမ်း၊ (၅)လွှာ(A)၊ အိမ်အမှတ် (၃၅)၌ ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ အာကာထက်ကျော်(ခ)အောင်သုခ ၏ ထွက်ဆိုချက် အရ ယင်းနေ့ နံနက်ပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သုမိတ္တာ (၁၀)လမ်း၊ အိမ်အမှတ်(၄၀၇)၌ တရားခံ ရဲကျော်ပိုင်(ခ)မောင်ကြီးအား လက်လုပ်သေနတ် ကိုယ်ထည် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ၅.၅၆ ကျည် ၁၀ တောင့်၊ ပွိုင့် ၃၈ဝ ကျည် ၁၀ တောင့်၊ ၁၂ ဗို့ကျည် ၅ တောင့်၊ ကျည်ကာအင်္ကျီ ၈ ထည်၊ လက်ကိုင်ဖုန်း ၂ လုံးတို့ဖြင့် လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ် (၆၃) ရပ်ကွက်၊ ရွှေတောင်ကြား (၅) လမ်း၊ အိမ်အမှတ်(၉၆၄၀)၌ တရားခံ ငြိမ်းမောင်(ခ)ငြိမ်းချမ်းအောင် အား Laptop ၁ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ကွမ်းခြံကုန်းမြို့ နယ်၊ ဒရယ်လူးကျေးရွာနှင့် ကော့ဒွန်းကျေးရွာ အုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးတံဆိပ်တုံး ၂ ခု တို့ဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ ငြိမ်းမောင် (ခ) ငြိမ်းချမ်းအောင်၏ ထွက်ဆိုချက်အရ ယင်းနေ့ နေ့လယ်ပိုင်းတွင် ဦးစိုင်းကျော်သူအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ် ခဲ့သူများဖြစ်သည့် တရားခံ ဇင်မျိုးဦး(ခ)Flash(ခ)သားငယ်အား ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနှင့် ဦးထွန်းလင်းခြံလမ်းဆုံတွင် လည်းကောင်း၊ တရားခံ စိုးသူ(ခ)Red(ခ) ကောင်းဝေအား မြောက်ဥက္ကလာပမြို့ နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၁၁)ရပ်ကွက်၊ ပုလဲ ရွှေဝါလမ်းသွယ်(၂)၊ အိမ်အမှတ်(၆၂၀)တွင် Sig Sauer ပစ္စတို ၁ လက်၊ ၉ မမ မမ ကျည် ၁၁ တောင့်တို့ဖြင့် လည်းကောင်း၊ ဦးစိုင်းကျော်သူအား လုပ်ကြံသတ်ဖြတ်ရာတွင် စက်ဘီးဖြင့် အခြေအနေကြည့်ရှုပေးသူ တရားခံ မင်းဆက်(ခ)အောင်သူဟန် အား မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၁၁)ရပ်ကွက်၊ ပုဂံလမ်းပေါ်တွင်လည်းကောင်း ထပ်မံဖမ်းဆီးရ မိခဲ့သည်။


ဖမ်းဆီးရမိတရားခံ ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် ၏ ထွက်ဆိုချက်အရ ယင်းနေ့ ညနေပိုင်းတွင် ဆက်စပ်တရားခံများဖြစ်သည့် ချစ်ကိုကို အား ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်၊ အနော်ရထာလမ်းမကြီး၊ အိမ်အမှတ် (၇၁၆) တွင် လည်းကောင်း၊ ကျော်လွင်ဦး အား ဒလမြို့နယ်၊ အံ့ကြီးအရှေ့ရပ်ကွက်၊ ဖိုးရာဇာလမ်း၊ အိမ်အမှတ် (၂၉၉)တွင် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။


ထို့အပြင် ဖမ်းဆီးရမိတရားခံ အာကာထက်ကျော်(ခ)အောင်သုခ၏ ထွက်ဆိုချက် အရ မေလ ၁၄ ရက်တွင် ဆက်စပ်တရားခံ ပန်းအေး(ခ)ကိုမျိုး အား ရွှေပြည်သာ မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ ရန်ပြေမာန်ပြေသာမဏေစာသင်တိုက်၌ လည်းကောင်း၊ မေလ ၁၆ ရက်တွင် ဆက်စပ်တရားခံ လပြည့်အိမ်(ခ)ကိုရှိုင်းအား မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ အဝိုင်းမှတ်တိုင်အနီး၌ လည်းကောင်း ထပ်မံဖမ်းဆီး ရမိခဲ့သည်။


ဖြစ်စဉ်တွင် တရားခံ ၁၀ ဦးအား ပစ္စတို ၂ လက်၊ လက်လုပ်သေနတ် ကိုယ်ထည် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၅၆ တောင့်၊ ကျည်ကာအင်္ကျီ ၈ ထည်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု၊ Laptop ၁ လုံး၊ လက်ကိုင်ဖုန်း ၄ လုံး တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စိုးသူ(ခ)Red(ခ)ကောင်းဝေ၊ ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် နှင့် အာကာထက်ကျော်(ခ)အောင်သုခ တို့သည် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် လေးကေ့ကော်ကျေးရွာအနီးရှိ KNLA တပ်မဟာ(၆)လက်အောက်ခံ တောတွင်းစခန်းနေရာ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လ တက်ရောက်ခဲ့ပြီး ရဲကျော်ပိုင်(ခ)မောင်ကြီး သည် ၂၀၂၁ ခုနှစ်၊ မတ်လတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ KNLA တပ်မဟာ(၁)လက်အောက်ခံ တောတွင်းစခန်းနေရာ၌ အကြမ်းဖက်ဖောက်ခွဲရေး သင်တန်း ၁ လ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အပြစ်မဲ့ပြည်သူများအားဒလန်ဟု စွပ်စွဲ၍လုပ်ကြံသတ်ဖြတ်ရန် ရည်ရွယ်လျက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် Yangon Revolution Force YRF အမည်ခံ အကြမ်းဖက်အဖွဲ့အား ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ဥက္ကာလင်းယံ နှင့် Jame တို့မှ ခေါင်းဆောင်၍ ဇင်မျိုးဦး(ခ)Flash(ခ)သားငယ်၊ စိုးသူ (ခ)Red(ခ)ကောင်းဝေ၊ မင်းဆက်(ခ) အောင်သူဟန်၊ အာကာထက်ကျော်(ခ)အောင်သုခ၊ ရဲကျော်ပိုင်(ခ)မောင်ကြီး၊ ငြိမ်းမောင်(ခ)ငြိမ်းချမ်းအောင်၊ ချစ်ကိုကို၊ ကျော်လွင်ဦး နှင့် ဖမ်းဆီးရန် ကျန်တရားခံ များဖြစ်သည့် စိုးမိုးထွဋ်(ခ)တိုက်ဂါး၊ မင်းဟိန်းကျော်(ခ)လရောင်၊ လူမင်းထွေး (ခ)ကိုရှိုင်း၊ ဆိတ်ဖွား(ခ)ရဲကျော်၊ ဘိုမက်၊ ညီညီနိုင်(ခ)သံမဏိ၊ မလပ်ကီး၊ ကယ်ဗင်၊ ဂျိုကာ၊ 5 P ၊ ကျားကြီး၊ စောဟင်နရီထူး(ခ)အောင်လ အပါ အဝင် ၂၂ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန်တရားခံ Jame သည် KNLA တပ်မဟာ(၆) လှုပ်ရှားနယ်မြေအတွင်း ခိုအောင်းနေထိုင်လျက်ရှိပြီး အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPHI NUG တို့နှင့်ချိတ်ဆက်၍ ငွေကြေးကူညီ ထောက်ပံ့မှုများရယူကာ လက်နက်/ခဲယမ်းများဝယ်ယူ၍ ရန်ကုန်မြို့အတွင်း၌ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ထို့အပြင် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPHI NUG တို့သည် ၎င်းတို့လုပ်ကြံသတ်ဖြတ် လိုသူများ၏ အချက်အလက်များ၊ ဓာတ်ပုံများကို ဖမ်းဆီးရန်ကျန်တရားခံ Jame မှတစ်ဆင့် ပေးပို့စေခိုင်းလျက်ရှိပြီး လုပ်ကြံသတ်ဖြတ်မှု ၁ ကြိမ်လျှင် ပစ်ခတ်လုပ်ကြံ သူအား ငွေကျပ် ၅ သိန်း၊ အခြေအနေ ကြည့်ရှုပေးသူအား ငွေကျပ် ၁ သိန်း ထောက်ပံ့ပေးကြောင်း၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ၉ မမကျည် ၁၀၀ တောင့်တို့အား ဖမ်းဆီးရန်ကျန်တရားခံ Jame မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် YRF အမည်ခံအကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဥက္ကာလင်းယံ နှင့် Jame တို့၏ ခိုင်းစေမှုဖြင့် ရန်ကုန်မြို့ အတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်မှု ၈ ကြိမ် ကျူးလွန်ခဲ့ကြောင်း-


၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် ဥက္ကာလင်းယံ နှင့် Jame တို့၏စေခိုင်းမှုဖြင့် မရမ်းကုန်းမြို့ နယ်၊ အမှတ် (၇) ရပ်ကွက်၊ တေးနုယဉ် လမ်းနေ Mytel ရုံးချုပ်မှ အထွေထွေမန်နေဂျာ ဦးသိန်းအောင် နှင့် ဇနီးဖြစ်သူဒေါ်သိမ့်အောင်သူတို့အား ပစ္စတိုဖြင့်ပစ်ခတ်လုပ်ကြံ သတ်ဖြတ် ခဲ့ကြောင်း။


၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည် ဖမ်းဆီးရန်ကျန်တရားခံ ဥက္ကာလင်းယံ၏စေခိုင်းမှုဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ နွယ်သာကီ(၃)လမ်းပေါ်၌ အပြစ်မဲ့ပြည်သူ ဦးမင်းသိန်း(ခ)အရှည်ကြီး အားပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး စိုးသူ(ခ)Red(ခ)ကောင်းဝေ မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။


ဇွန်လ ၂၅ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် နှင့် ဖမ်းဆီးရန်ကျန် တရားခံ ကျားကြီး တို့သည် ဖမ်းဆီးရန်ကျန်တရားခံ ဥက္ကာလင်းယံ ၏ စေခိုင်းမှုဖြင့် ကွမ်းခြံကုန်းမြို့နယ်၊ ကော့ဒွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေလင်းအောင် အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ငြိမ်းမောင်(ခ)ငြိမ်းချမ်းအောင်မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။


ဇူလိုင်လ ၁ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည် ဖမ်းဆီးရန် ကျန်တရားခံများဖြစ်သည့် ဥက္ကာလင်းယံ နှင့် Jame တို့၏စေခိုင်းမှုဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ မေယု(၄)လမ်း၊ “ပြည့်ဝမေ” လက်ဖက်ရည်ဆိုင်ရှေ့တွင် အပြစ်မဲ့ပြည်သူ ဦးတင့်လွင် အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး စိုးသူ(ခ)Red(ခ)ကောင်းဝေ မှ အခြေအနေကြည့်ရှု့ပေးခဲ့ကြောင်း။


ဩဂုတ်လ ၃ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည် ဖမ်းဆီးရန်ကျန်တရားခံ ဥက္ကာလင်းယံ၏ စေခိုင်းမှုဖြင့် ရွှေပြည်သာ မြို့နယ်၊ အမှတ် (၁၆)ရပ်ကွက်နေ အပြစ်မဲ့ပြည်သူ ဦးဝင်းနိုင် အား ပစ္စတိုဖြင့်ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ပန်းအေး(ခ)ကိုမျိုးမှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။


အောက်တိုဘာလ ၂၆ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် နှင့် မင်းဆက်(ခ)အောင်သူဟန် တို့ ၂ ဦးသည် ဖမ်းဆီးရန် ကျန်တရားခံ များဖြစ်သည့် ဥက္ကာလင်းယံ နှင့် Jame တို့၏ စေခိုင်းမှုဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ စကားဝါလမ်းနှင့် သဇင် လမ်းထောင့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးစိုး အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး စိုးသူ(ခ) Red(ခ)ကောင်းဝေ မှ အခြေအနေကြည့်ရှု့ပေးခဲ့ကြောင်း။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်တွင် အာကာထက်ကျော်(ခ) အောင်သုခနှင့်ဖမ်းဆီးရန်ကျန်တရားခံ စောဟင်နရီထူး(ခ)အောင်လ တို့ ၂ ဦး သည် ဖမ်းဆီးရန်ကျန်တရားခံ ဥက္ကာလင်းယံ၏စေခိုင်းမှုဖြင့် သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်းတွင် စစ်မှုထမ်းဟောင်း ဦးအောင်ညီထွန်း နှင့် အပြစ်မဲ့ပြည်သူများ ဖြစ်သောဦးအောင်မျိုးဆွေ၊ ဦးခင်မောင်သိန်း တို့ ၃ ဦးအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ကျော်လွင်ဦး၊ ချစ်ကိုကို၊ ရဲကျော်ပိုင်(ခ)မောင်ကြီး နှင့် ငြိမ်းမောင်(ခ)ငြိမ်ချမ်းအောင် တို့ ၄ ဦးမှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။


၂၀၂၃ ခုနှစ်၊ ဧပြီလပထမပတ်တွင် ဖမ်းဆီးရန်ကျန်တရားခံ Jame မှ ရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူ နှင့်ပတ်သက်သည့် အချက်အလက်များနှင့် ဓာတ်ပုံများအားပေးပို့ခဲ့ပြီး လုပ်ကြံသတ်ဖြတ်ရန်စေခိုင်းခဲ့ကြောင်း၊ သို့ဖြစ်၍ ဇင်မျိုးဦး (ခ)Flash(ခ)သားငယ် နှင့် စိုးသူ (ခ)Red(ခ)ကောင်းဝေ တို့မှ ဦးစိုင်းကျော်သူအား ပစ္စတိုဖြင့် လုပ်ကြံသတ်ဖြတ်ရန်၊ မင်းဆက်(ခ) အောင်သူဟန်နှင့် ဖမ်းဆီးရန်ကျန်တရားခံ ဘိုမက်တို့မှ အခြေအနေစောင့်ကြည့်ပေးရန်တာဝန်ခွဲဝေခဲ့ပြီး ဦးစိုင်းကျော်သူ ရန်ကုန်မြို့ သို့ လာရောက်ချိန်တွင် သွားလာ တတ်သည့် နေရာများ၊ ဦးစိုင်းကျော်သူ၏ ဇနီး အလုပ်လုပ်သည့် “အောင်ရတနာ” အထူးကုဆေးရုံဝန်းကျင်ရှိ ဝင်လမ်း/ထွက်လမ်း နေရာများ အချိန်ယူ၍ ကြိုတင်အခြေအနေ ကြည့်ရှုခဲ့ကြောင်း၊ ဧပြီလ ၂၂ ရက်တွင် ဦးစိုင်းကျော်သူသည် “အောင်ရတနာ” အထူးကုဆေးရုံမှ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၂)ရပ်ကွက်၊ ဝေဇယန္တာလမ်းပေါ်၌ ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် နှင့် စိုးသူ(ခ)Red(ခ)ကောင်းဝေ တို့မှ ပစ္စတို ၂ လက်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး မင်းဆက် (ခ)အောင်သူဟန်နှင့် ဖမ်းဆီးရန်ကျန်တရားခံ ဘိုမက်တို့မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


ထို့အပြင် ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် YRF အမည်ခံအကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဥက္ကာလင်းယံ နှင့် Jame တို့၏ ခိုင်းစေမှုဖြင့် ရန်ကုန်မြို့အတွင်း ပစ်ခတ်တိုက်ခိုက်မှု ၃ ကြိမ်နှင့် မိုင်းထောင် ဖောက်ခွဲမှု ၃ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း-


၂၀၂၂ ခုနှစ်၊ မေလ ၂၈ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည် ဖမ်းဆီးရန်ကျန်တရားခံ ဥက္ကာလင်းယံ၏ စေခိုင်းမှုဖြင့် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး အားပစ္စတိုဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာတွင် အပြစ်မဲ့ပြည်သူများဖြစ်သည့် ဦးဝင်းလှိုင် သေဆုံးခဲ့ပြီး ဦးဝင်းညွန့်နှင့် ဦးသန်းထွန်းတို့ (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်း။


ဩဂုတ်လ ၃ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် စောဟင်နရီထူး(ခ)အောင်လ၊ ဘိုမက်နှင့် ကျားကြီးတို့ ၃ ဦးသည် ဖမ်းဆီးရန်ကျန်တရားခံ ဥက္ကာလင်းယံ ၏စေခိုင်းမှုဖြင့် ကွမ်းခြံကုန်း မြို့နယ်၊ တော်လန်းရဲကင်းစခန်းအား ပစ္စတို ၂ လက်ဖြင့် သွားရောက်ပစ်ခတ်ရာတွင် ငြိမ်းမောင်(ခ)ငြိမ်းချမ်းအောင် မှ အခြေအနေကြည့်ရှု ပေးခဲ့ကြောင်း။


၂၀၂၁ခုနှစ်၊ သြဂုတ်လ(စတုတ္ထပတ်)တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည် ဖမ်းဆီးရန်ကျန်တရားခံ ဥက္ကာလင်းယံ၏စေခိုင်းမှုဖြင့် လှိုင်မြို့နယ်ရှိယာဉ်ထိန်းရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် သွားရောက်ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။


၂၀၂၂ ခုနှစ်၊ မတ်လတွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည် ဖမ်းဆီးရန်ကျန်တရားခံ ဥက္ကာလင်းယံ၏စေခိုင်းမှုဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ မေဓာဝီလမ်း၊ “လကမ္ဘာ”ဆေးခန်းအနီးရှိ “ဘဘကြီး” စားသောက်ဆိုင်အား လက်လုပ်မိုင်း ၁ လုံးဖြင့် သွားရောက်ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။


ဧပြီလ ၁၄ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ်သည် ဖမ်းဆီးရန် ကျန်တရားခံ ဥက္ကာလင်းယံ၏ စေခိုင်းမှုဖြင့် မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအား ပစ္စတိုဖြင့်သွားရောက်ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူဒေါ်ကြည်ခိုင်ဝင်း သေဆုံးခဲ့ကြောင်း။


ဧပြီလ ၁၆ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည် ဖမ်းဆီးရန်ကျန်တရားခံ ဥက္ကာလင်းယံ၏ စေခိုင်းမှုဖြင့် မြောက်ဥက္ကလာပ မြို့နယ်၊ မြရတနာလမ်းမှ မောင်းနှင်လာသည့် လုံခြုံရေးယာဉ် ၁ စီးအား လက်လုပ်မိုင်း ၁ လုံးဖြင့် သွားရောက်ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာအရေးယူ နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက် နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါကသက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)