“မိုခါ” မုန်တိုင်းဒဏ်သင့် ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် USDP က သိန်း (၃၀၀) လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“မိုခါ” မုန်တိုင်းဒဏ်သင့် ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် USDP က သိန်း (၃၀၀) လှူဒါန်း





MNP ၊ မေ ၂၀

ရခိုင်ပြည်နယ်မှ မိုခါမုန်းတိုင်းဒဏ်သင့် ပြည်သူများအတွက် သွားရောက် ကူညီမှုများ ဆောင်ရွက်ခဲ့သည့် USDP ပါတီ က သဘာဝဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး   စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းပွဲ သို့တက်ရောက်ပြီး ငွေကျပ် သိန်း(၃၀၀) ထည့်ဝင် လှူဒါန်းခဲ့ကြောင်း သိရသည်။


ယနေ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်တွင် “မိုခါ” မုန်တိုင်းဒဏ်သင့် ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေပေးအပ်လှူဒါန်းပွဲကို USDP ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌတို့ အတူ တက်ရောက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီရဲ့ အလှူငွေကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။


ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်တွင် “မိုခါ” မုန်တိုင်းဒဏ်သင့် ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် စေတနာရှင်၊ အလှူရှင်များမှ လှူဒါန်းမှုစုစုပေါင်း အနေဖြင့် ငွေကျပ် ၈၇၁၇၅၃၉၅၀၀ (သိန်းပေါင်းရှစ်သောင်းခုနှစ်ထောင်ကျော်)၊ ထိုင်းဘတ်ငွေ ၁သန်း၊ ကျပ်သိန်း ၁၅၀၀၀ တန်ဖိုးရှိ သွပ်ချပ်ရေ ၁သိန်း နှင့် ဆက်စပ်အိမ်မိုးပစ္စည်းများ၊ ယွမ် ၁သိန်း နှင့် ညီမျှသည့် ခေါက်ဆွဲခြောက်၊ ဘီစကစ် နှင့် ရေသန့်များကို လက်ခံရရှိခဲ့ကြောင်း သိရသည်။


မိုခါ မုန်းတိုင်းတိုက်ခတ်ပြီး ၁၅-၅-၂၀၂၃ ရက်နေ့က စေတနာရှင် အလှူရှင်များ လှူဒါန်းခဲ့သည့် အလှူငွေ စုစုပေါင်းမှာ ကျပ်သိန်းပေါင်း ၁၃၁၈၁၀ သိန်း ရရှိခဲ့ပြီး ယနေ့ ရရှိသော အလှူငွေနှင့်ဆိုပါက စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုမှာ ငွေကျပ်သိန်းပေါင်း ၂၁၈၉၈၅ သိန်း ကျော်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)