မာန်အောင်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းမုခါတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော စာသင်ကျောင်းများအား မြို့နယ်တာဝန်ရှိသူများကသွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းမုခါတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော စာသင်ကျောင်းများအား မြို့နယ်တာဝန်ရှိသူများကသွားရောက်ကြည့်ရှုစစ်ဆေး




MNP ၊ မေ  ၁၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မေလ၁၄ရက်နံနက်ပိုင်းက တိုက်ခတ်သွားသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် အမိုးလန်ပျက်စီးသွားသော စာသင်ကျောင်းများအား ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


   ထိုသို့ စစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊(ခေတ္တ)ဥက္ကဋ္ဌ ဗိုလ်မှူးသူရိန်စိုး၊(ခေတ္တ)မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်ထွဋ်နှင့်အဖွဲ့တို့က ဆိုင်ကလုန်းမုန်တိုင်းမိုခါ ကြောင့်အမိုးလန်ပျက်စီးသွားသောမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအား သွားရောက်ကြည့်ရှု စစ်ဆေး ကြပြီး စာသင်ကျောင်းများအား ကျောင်းဖွင့်ရက် အမှီဆောင်ရွက်ပေးမည့်အစီအမံများကို ဒေသခံပြည်သူများအား ပြောကြားပြီး အားပေးစကားများပြောကြားခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)