ကျိုက်ထိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးစေ့ (RS-CS)ထုတ်လုပ်ခြင်းဆိုင်ရာနည်းပညာသင်တန်းပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးစေ့ (RS-CS)ထုတ်လုပ်ခြင်းဆိုင်ရာနည်းပညာသင်တန်းပို့ချ




MNP ၊ မေ  ၁၉

    မွန်ပြည်နယ်၊ကျိုက်ထို မြို့နယ်တွင်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှစပါးမျိုးစေ့(RS-CS) ထုတ်လုပ် ခြင်းဆိုင်ရာနည်းပညာသင်တန်းကို မေလ ၁၉ ရက် နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ်မုက္ခမူ ကျေးရွာ ရွာလယ် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပို့ချခဲ့သည်။


     သင်တန်းပို့ချရာတွင် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဗိုလ် က ၂၀၂၃  ခုနှစ် ကျိုက်ထိုမြို့နယ်အနေဖြင့်တောင်သူများ၏ မျိုးကောင်းမျိုးသန့် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းသင်တန်းကိုပို့ချရခြင်းဖြစ်ကြောင်း ၊တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်လုပ်ငန်းကိုလုပ်ကိုင်ဆောင် ရွက်တတ်စေရန်၊မျိုးကောင်း မျိုးသန့်စိုက်ပျိုးသည့် အတွက် အထွက်နှုန်းကောင်းမွန်၍ဝင်ငွေတိုးပွာလာစေရန်သင်တန်းပို့ချရသည့်ရည်ရွယ်ချက်ကိုပြောကြားခဲ့သည်။


    ဆက်လက်၍ကျိုက်ထိုမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်အိအိအောင်က သင်တန်းကို Projector ဖြင့်ရှင်းလင်းပို့ချခဲ့ရာတောင်သူများကိုယ်စားကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းညွန့် ကကျေးဇူးတင်စကား

ပြောကြားခဲ့သည်။


          အဆိုပါသင်တန်းသို့ တောင်သူ (၂၀) ဦးတက်ရောက်ပြီး သင်တန်းကာလမှာ တစ်ရက်တာသင်ကြားပို့ချမည်ဖြစ်ကြောင်းသိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)