ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် စစ်တွေတပ်နယ်၊ ပလက်ဝတပ်နယ်များရှိ နယ်မြေခံတပ်ရင်းများ၊ စာသင်ကျောင်းများ နှင့် နယ်မြေခံမြန်မာနိုင်ငံရဲတပ်ဖွဲ့ခွဲများသို့သွားရောက် ကြည့်ရှုစစ်ဆေး၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် စစ်တွေတပ်နယ်၊ ပလက်ဝတပ်နယ်များရှိ နယ်မြေခံတပ်ရင်းများ၊ စာသင်ကျောင်းများ နှင့် နယ်မြေခံမြန်မာနိုင်ငံရဲတပ်ဖွဲ့ခွဲများသို့သွားရောက် ကြည့်ရှုစစ်ဆေး၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်



MNP ၊ မေ ၂၅

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး နှင့်အဖွဲ့ဝင်များသည် ယနေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စစ်တွေမြို့နယ် အတွင်း စစ်တွေ-ရန်ကုန်သွား ကားလမ်းမကြီး ဝဲ/ယာ တစ်လျှောက်တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲကျိုးကျနေသည့် သစ်ပင်/သစ်ကိုင်းများအား ရှင်းလင်းဖယ်ရှား ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး စစ်တွေမြို့ရှိ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံရဲတပ်ဖွဲ့ခွဲများရှိ မုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော နေအိမ်လိုင်းခန်းများ၊ အဆောက်အဦများ အား အမိုးများပြန်လည် ပြုပြင်တည်ဆောက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်းယာယီနေထိုင်နိုင်ရန် ဆောင်ရွက်ထားသည့် မိုးကာရွက်ဖျင်တဲများ၊ ယာယီနေထိုင်ရန် စီစဉ်ထားသော အဆောက်အဦများအား လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သတ်၍ လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် အဖွဲ့ဝင်များသည် စစ်တွေမြို့ အမှတ်(၆)အခြေခံအထက်တန်း ကျောင်းနှင့် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတို့ရှိ ကျောင်းဆောင်များ ပျက်စီးနေမှုများအား ပြုပြင်တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း များပြန်လည် အချိန်မီ ပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေး ကာ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေမှုကို ကြည့်ရှု အားပေးပြီး ကျောင်းအပ်နှံရန်လာရောက်ကြသည့် မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား/ ကျောင်းသူများအား  ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ နယ်မြေခံတပ်ရင်းမှ တပ်မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေး စကားပြောကြားပြီး အခြေခံစားကုန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် ကာ တပ်ရင်းတွင် ဆောင်ရွက်ထားသော စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)