အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)အမှတ်စဉ်(၁/၂၀၂၃)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်) အမှတ်စဉ်(၁/၂၀၂၃) မှ သင်တန်းသားများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)အမှတ်စဉ်(၁/၂၀၂၃)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်) အမှတ်စဉ်(၁/၂၀၂၃) မှ သင်တန်းသားများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ



MNP ၊ မေ ၂၅

ရန်ကုန်တိုင်းဒေသကြီးသို့ လေ့လာရေးခရီး ရောက်ရှိနေသော အခြေခံလေကြောင်း လူငယ်သင်တန်း(အကြီးတန်းအဆင့်) အမှတ်စဉ်(၁/၂၀၂၃)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း(အငယ်တန်းအဆင့်) အမှတ်စဉ်(၁/၂၀၂၃)တို့မှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းကာလနှင့် လေ့လာရေးခရီးစဉ်များပြီးမြောက်၍ တပ်မတော်လေယာဉ်/ မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ သင်တန်း စခန်းများသို့ ပြန်လည်ရောက်ရှိကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ  ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် သက်ဆိုင်ရာသင်တန်း စခန်းအသီးသီးရှိ တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများအား မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည် အပ်နှံခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)