ဗန်းမော်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်



MNP ၊ မေ ၁၅

ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုဏ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၅ ရက် နံနက် ၁၀ နာရီမှ နေ့လည် ၁၁ နာရီအထိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်လွင် က သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက ဒေသခံပြည်သူများအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်ရေး၊ မြေပြင်ကွင်းဆင်းစစ်ဆေးချက်အရ လူဦးရေ သုံးသိန်းခန့်အထိ စားနပ်ရိက္ခာ ပြည့်စုံမှုရှိကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်နေကြောင်း၊ အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်နိုင်ရေးအတွက် ဆောင်ရွက်ထားမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ကူညီကယ်ဆယ်နိုင်ရေးနှင့်ပြန်လည်ထူထောင်နိုင်ရေးအတွက် နယ်မြေခံတပ်မတော်သားများ ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အသင့်စုဖွဲ့ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)