အမျိုးသားညီလာခံကျင်းပခဲ့သည့် အဆောက်အဦများသည် နိုင်ငံတော်အတွက် အရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ရေးဆွဲဖော်ဆောင်ခဲ့သည့် သမိုင်းဝင် အဆောက်အဦများ ဖြစ်သဖြင့် ပျက်စီးမှုမရှိစေရေး စနစ်တကျဖြင့် ထိန်းသိမ်းထားရှိရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လမ်းညွှန်မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

အမျိုးသားညီလာခံကျင်းပခဲ့သည့် အဆောက်အဦများသည် နိုင်ငံတော်အတွက် အရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ရေးဆွဲဖော်ဆောင်ခဲ့သည့် သမိုင်းဝင် အဆောက်အဦများ ဖြစ်သဖြင့် ပျက်စီးမှုမရှိစေရေး စနစ်တကျဖြင့် ထိန်းသိမ်းထားရှိရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လမ်းညွှန်မှာကြား





နေပြည်တော် မေ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန် ရှိသူများလိုက်ပါ၍ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီးရှိ အမျိုးသားညီလာခံကျင်းပခဲ့သည့် အဆောက်အဦးများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားညီလာခံကျင်းပခဲ့သည့် ပြည်ထောင်စုခန်းမကြီးသို့ရောက်ရှိပြီး ပြည်ထောင်စုခန်းမကြီးနှင့် အနော်ရထာရိပ်သာတို့အား ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများနှင့် အဆောက်အဦများအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကရှင်းလင်း တင်ပြကြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားညီလာခံကျင်းပခဲ့သည့် အဆောက်အဦများသည် နိုင်ငံတော်အတွက် အရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ရေးဆွဲဖော်ဆောင်ခဲ့သည့် သမိုင်းဝင် အဆောက်အဦများ ဖြစ်ကြောင်း၊ ထို့ကြောင့် အဆောက်အဦများပျက်စီးမှုများ မရှိစေရေးစနစ်တကျဖြင့် ထိန်းသိမ်းထားရှိ ရန်လိုကြောင်း လမ်းညွှန်မှာကြားသည်။           


အဆိုပါ အမျိုးသားညီလာခံ ကျင်းပခဲ့သည့် ပြည်ထောင်စုခန်းမ အဆောက်အဦတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အစု အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ် ၇၀၂ ဦးဖြင့် အမျိုးသားညီလာခံ (၇) ကြိမ် ကျင်းပခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အတည်ပြု ပြဋ္ဌာန်းပြီးချိန်တွင် အဆိုပါ ညီလာခံခန်းမကြီးကို အသုံးပြုခြင်း မရှိတော့ကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုများ အားနည်းခဲ့သဖြင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်အရ ယခုအခါပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)