မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးဝန်ထမ်းများအားစာအုပ်၊စာစောင်များ (အခမဲ့)ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးဝန်ထမ်းများအားစာအုပ်၊စာစောင်များ (အခမဲ့)ငှားရမ်းပေး



MNP ၊ မေ  ၁၉

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ရုံးဝန်ထမ်းများက ယနေ့ နံနက်၁၁နာရီတွင် ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့်  မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ရုံးသို့သွားရောက်၍စာအုပ်၊စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့သည်။ 


     ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံး ဝန်ထမ်းများကစာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ် ပညာဗဟုသုတ များတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့်စာဖတ်ရှိန်မြှင့်တင်ရေးကို ရည် ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း၊  စသည့်စာအုပ်၊စာစောင်

(၉၀)ကျော်ဖြင့်ကွင်းဆင်းပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးဝန်ထမ်းများအား(အခမဲ့)ငှားရမ်းပေးခဲ့သည်။


   မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် စာအုပ် စာစောင် အခမဲ့ ငှားရမ်းပေးခြင်းကို အပတ်စဉ်ပုံမှန် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။



ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment