ရခိုင်ပြည်နယ်အတွင်း အဆောက်အဦများ ပြန်လည်ပြုပြင်ရာတွင် ဇွန်လ ၁ ရက်နေ့ ကျောင်းဖွင့်အမှီ အထက်တန်း နှင့် တက္ကသိုလ်ကျောင်းများကို ဦးစားပေးပြုပြင်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း အဆောက်အဦများ ပြန်လည်ပြုပြင်ရာတွင် ဇွန်လ ၁ ရက်နေ့ ကျောင်းဖွင့်အမှီ အထက်တန်း နှင့် တက္ကသိုလ်ကျောင်းများကို ဦးစားပေးပြုပြင်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြား


MNP ၊ မေ ၁၉

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဇနီးဒေါ်သန်းသန်းနွယ် ၊ ကာကွယ်ရေးဉီးစီးချုပ်ရုံးမှ တပ်မတော်  အရာရှိကြီးများ လိုက်ပါ၍ ယမန်နေ့ ညနေပိုင်းတွင် စစ်တွေမြို့လေဆိပ်သို့ ရောက်ရှိ ကြရာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုကြသည်။


ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကျရောက်ခဲ့ရသည့် စစ်တွေမြို့တွင်း ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှု အခြေ အနေများကို မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် သည် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်၍ လိုအပ်သည်များ လမ်းညွှန်မှာ ကြားသည်။  


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း က ပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာအရေးအပေါ် အခြေအနေစီမံခန့်ခွဲမှုရုံး ဖွင့်လှစ်ထားရှိမှနှင့် ခရိုင်နှင့် မြို့နယ်တို့တွင်လည်း ဖွင့်လှစ်ထားရှိမှု၊ သဘာဝဘေးအန္တရာယ်မကျ ရောက်မီ ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့မှု၊ ပြည်သူများအတွက် လတ်တလော အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်ထားရှိမှု၊ ပြည်နယ်အစိုးရ အနေဖြင့် ကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများ စုဆောင်းထားရှိမှု၊ မုန်တိုင်းအလွန် ဆက်သွယ်ရေးမပြတ် တောက်စေရေး ဆောင်ရွက်နေမှု၊ ပြန်လည်တည်ဆောက် ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ စီမံဆောင်ရွက်မှုကိစ္စရပ်များ ဆောင်ရွက် နိုင်ရန် ဌာနအလိုက် တာဝန်ပေးအပ်ထားမှု၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါး များ ရေကြောင်းနှင့်လေကြောင်းများမှ ရောက်ရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများ စနစ်တကျ ထိန်းသိမ်း၍ ဖြန့်ဝေပေးနေမှု၊ သဘာဝဘေးသင့်ခဲ့ရသည့်နေအိမ်များ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးနေမှု၊ လျှပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်ရရှိရေး ဆောင်ရွက်နေမှု၊ ကျန်းမာရေးအထူးအဖွဲ့များ ဖွဲ့စည်း၍ ကျန်းမာရေးစောင့်ရှောက် ပေးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး တင်အောင်စန်း က နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ချက်များနှင့်အညီ ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်၊ ကူညီထောက်ပံ့ရေး၊ ပြန်လည်တည်ဆောက်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ကယ်ဆယ်ကူညီ ထောက်ပံ့မှုများအား အချိန်နှင့်တစ်ပြေးညီ မြန်ဆန်စွာဆောင်ရွက်နေမှု၊ မုန်တိုင်း ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းများ၊ တက္ကသိုလ်များ အမြန်ဆုံး ပြင်ဆင်၍ အချိန်မီဖွင့်လှစ်နိုင်ရန် ဉီးစားပေး အစီအစဉ်အလိုက် ဆောင်ရွက်နေမှု၊ ပြန်လည်ထူထောင်‌ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလအခြေအနေထက်ပိုမို ကောင်းမွန်ရန် ဆောင်ရွက်နေမှု၊ မုန်တိုင်းသင့် မြို့နယ်များသို့ သွားရောက် ကြည့်ရှုစစ်ဆေး၍ ပြည်သူများအား လိုအပ်သည်များ ကူညီထောက်ပံ့ခဲ့မှု၊  ပျက်စီးမှုနှင့် သေဆုံစာရင်းများအား အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ကောက်ခံ နေမှု၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဆေးရုံများ အမြန်ဆုံး ပြုပြင်နိုင်ရန် ဆောင်ရွက်နေမှု၊ တပ်မတော် ရေယာဉ်၊ လေယာဉ်များဖြင့် ကယ်ဆယ်ရေး ပစ္စည်းများ  ရောက်ရှိလာမှုနှင့် လိုအပ်သည်နေရာများသို့ ဖြန့်ဝေပေးနေမှု၊ ဆန်၊ ဆီ၊ ရိက္ခာ၊ ဆေးဝါးပစ္စည်းများ မုန်တိုင်းဒဏ်သင့် ဒေသများသို့ ထောက်ပံ့ကူညီ ဆောင်ရွက်နေမှု၊ လျှပ်စစ်မီးရရှိစေရန် စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှု၊ မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် တာဝါတိုင်များနှင့် ဆက်သွယ်ရေးစခန်းများ ပြန်လည် ပြုပြင်၍ ဆက်သွယ်ရေးမပြတ်တောက်စေရန် ဆောင်ရွက်နေမှု၊ သောက်သုံးရေလုံ လောက်စွာရရှိစေရေး မိုဘိုင်းရေသန့်စက်များဖြင့် ဆောင်ရွက် ပေးနေမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဦးကိုကိုလှိုင် တို့က ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများသို့ ကွင်းဆင်းသွားရောက်၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်နေမှု၊ မုန်တိုင်းဒဏ်သင့် မြို့များအတွင်း ပူးပေါင်းအဖွဲ့များဖွဲ့စည်း၍ မူလအနေအထားပြန်လည်ရရှိရန်နှင့် မြို့ သန့်ရှင်းသာယာရေးဆောင်ရွက်နေမှု၊ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ဆေးဝါးများ ထောက်ပံ့ကူညီ နေမှု၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများ ထောက်ပံ့ရန် ကမ်းလှမ်းထားမှုနှင့် ပြင်ဆင်ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံတကာ ကုမ္ပဏီများအနေဖြင့်လည်း နည်းပညာအကူအညီ ကူညီထောက်ပံ့ရန် ပြင်ဆင် ဆောင်ရွက်နေမှု၊ မုန်တိုင်းအလွန် ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထား ရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်ဆောင်ရွက်ရန် စီစဉ်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဉီးသောင်းဟန်၊ ဒေါ်သက်သက်ခိုင်၊ ဦးမျိုးသန့် နှင့် ဒေါက်တာသက်ခိုင်ဝင်း တို့က ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် လျှပ်စစ်ဓာတ်တိုင်များအား အမြန်ဆုံး ပြန်လည်ပြင်ဆင်၍ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိစေရန် ဆောင်ရွက်နေမှု၊ မဟာဓာတ်အားလိုင်းများအား စက်ယန္တရားများ အသုံးပြု ပြင်ဆင်ဆောင်ရွက်၍ ဓာတ်အားဖြန့်ဖြူးနိင်ရန် ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ စားနပ်ရိက္ခာ လုံလောက်မှုရှိစေရန် အရန်ဆန် တင်ပို့ဆောင်ရွက်၍ လိုအပ်သည့် ဒေသများအား ဖြန့်ဝေဆောင်ရွက်နေမှု၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် အဆောက်အဉီများ ပြန်လည်ပြုပြင်နိုင်ရန် အိမ်ဆောက်ပစ္စည်းများ ဖြန့်ဝေ ဆောင်ရွက်နေမှု၊ အသင့်စားအစားအစာများ ထောက်ပံ့ကူညီနေမှု၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ လမ်းမကြီးများ၊ တံတား များနှင့် အဆောက်အဉီများအား အချိန်မီပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ ဆေးရုံ၊ ကျောင်း၊ ဉီးစားပေး အဆောက်အဉီများနှင့် သာသနာရေး အဆောက်အဉီများကို ဉီးစားပေးအဖြစ် ပြန်လည်ပြုပြင် ဆောင်ရွက် ပေးနေမှု၊ ဆောက်လုပ်ရေးအသင်းအဖွဲ့များ စုပေါင်း၍ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေမှု၊ ရခိုင်ပြည်နယ် အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကျန်းမာရေးအသင်းအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်နေမှု၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆေးရုံကြီး များအား ပြင်ဆင်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပုံမှန်ဆောင်ရွက်ပေးနေမှု၊ ကျန်းမာရေးစောင်ရှောက်မှုပေးရန် အရေးပေါ်လိုအပ်သည့် ဒေသများသို့ အရေးပေါ် ကျန်းမာရေးအထူးအဖွဲ့များ စေလွတ် ဆောင်ရွက်ပေးနေမှု၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့ အစည်းများမှ ဆေးဝါးလှူဒါန်းရန် ကမ်းလှမ်းပြင်ဆင်နေမှု အခြေ အနေတို့ကို ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ရခိုင်ပြည်နယ် အတွင်းသဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့မှုအပေါ် ကူညီကယ်ဆယ်ရေး၊ ပြန်လည် တည်ဆောက်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် အဆောက်အဉီများပြန်လည်ပြင်ဆင်ရန် လိုအပ်သည့် ဆောက်လုပ်ရေးသုံးပစ္စည်း များကို ပို့ဆောင်လျက်ရှိရာ ထိခိုက်ပျက်စီးမှုစာရင်းများကို စနစ်တကျ ကောက်ခံ ရရှိမှသာ အရေအတွက်တိကျစွာ ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ အဆောက်အဦများ ပြန်လည်ပြုပြင်ရာတွင်လည်း ဇွန်လ ၁ ရက်နေ့ ကျောင်းဖွင့်အမှီ  အထက်တန်း နှင့် တက္ကသိုလ်ကျောင်းများကို ဦးစားပေးပြုပြင်ရမည်ဖြစ်ကြောင်း၊ တိရစ္ဆာန် သေဆုံးစာရင်းများနှင့်ပတ်သက်၍လည်း စာရင်းသေချာမှန်ကန်စွာ ကောက်ယူ၍ မျိုးအလိုက် လိုအပ်သည့်ဒေသများသို့ မည်သို့ပြန်လည်ပံ့ပိုးပေးရမည်ကိုလည်း စီစစ်ဆောင်ရွက်ရန်လိုကြောင်း၊ ယင်းစာရင်းဇယားအချက်အလက်များကို ပြည်နယ် အလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့မှတဆင့် အမျိုးသား အဆင့်ကော်မတီသို့ ပေးပို့ရန်လိုအပ်ကြောင်း၊ ပြည်နယ်အဆင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲမှုအောက်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း။


နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အကူအညီ များ ကမ်းလှမ်းပါက အဆောက်အဉီများအတွက် သွပ်နှင့်သွပ်သံ၊ ဆေးဝါးများနှင့် Cyclone  shelterများလည်း ကူညီပေးနိုင် ကြောင်းကို လမ်းညွှန်ထားကြောင်း၊ လျှပ်စစ်ပိုင်းနှင့်ပတ်သက်၍ လျှပ်စစ်မီးအမြန်ဆုံး ရရှိစေရန် ဆောင်ရွက်စေလို ကြောင်းနှင့် မြို့သန့်ရှင်းသာယာရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန်လိုအပ် ကြောင်း။


ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ မြန်ဆန်စွာဆောင်ရွက်ရမည် ဖြစ် ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ မြန်ဆန်စွာ ဆောင်ရွက် နိုင်ရန် စာရင်းဇယားမြန်ဆန်မှန်ကန်စွာ ကောက်ယူနိုင်ရန် လိုအပ်ကြောင်း၊ ယင်း အတွက် ဌာနဆိုင်ရာအဖွဲ့များအနေဖြင့် မြို့နယ်လိုက် မှန်မှန်ကန်ကန် မြန်မြန် ဆန်ဆန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။


ဆက်လက်၍ နိဂုံးချုပ် ပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ သဘာဝ ဘေးအန္တရာယ်ထိခိုက်ခံစားခဲ့ရသည့် ဒေသများနှင့် ပတ်သက်၍ ပထမအချက်အနေ ဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများအားလုံး ပြန်လည်ထူထောင်ရေးကာလ အတွင်း အခြေမကျမှီ အိမ်ထောင်စုတိုင်း သတ်မှတ် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငပိ လက်ဝယ်ရောက်ရှိအောင်   ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊  အမျိုးသားအဆင့် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် မုန်တိုင်းမစတင်မီ အရန်ဆန်တစ်သောင်းအပြင် တခြားလိုအပ်သည့် စားနပ်ရိက္ခာများကိုလည်း ကြိုတင်ပြင်ဆင်စုဆောင်း ထား ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း  ပြန်လည်ထူထောင်ရေး ကာလတွင်အသုံးပြု နိုင်ရန် အရန်ဆန်အနက်မှ တန် ၃၀၀၀ အား တပ်မတော်(ရေ)မှ စစ်သင်္ဘောများ၊ အရပ်ဘက်ကုန်တင်သင်္ဘောများဖြင့် ပေးပို့လျက်ရှိကြောင်း၊ အရန်ဆန်နှင့် သတ်မှတ်အရေပေါ်အမယ်များ ထောက်ပံ့ဖြန့်ဝေရာတွင် အိမ်ထောင်စုတိုင်း ရရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ ဆောင်ရွက်စေလိုကြောင်း၊ ယင်းသို့ ဖြန့်ဝေရာတွင် စာရင်းဇယားသည်လည်း အရေးကြီးကြောင်း၊ ဒုတိယအချက်အနေဖြင့် ရေကောင်းရေသန့်ရရှိစေရန် ဖြစ်ကြောင်း၊ ယင်းသို့ ရေကောင်းရေသန့် ရရှိစေရန် တပ်မတော်နှင့် သမာဝါယမနှင့် ကျေးလတ်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့မှ ရွှေ့လျားရေသန့် စက်ယန္တားများဖြင့် စီမံဆောင်ရွက်ထားရှိသည့် အပြင် လက်နှိပ်တုံကင်များလည်း ထပ်မံဖြည့်တင်းပေးမည်ဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် ဆက်သွယ်မှုကောင်းမွန် စေရန်ဖြစ်ကြောင်း၊ ဆက်သွယ်မှု အမြန်ဆုံး ပြန်လည်ကောင်းမွန်စေရန်အတွက် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆက်သွယ်မှုစနစ်သည် အရေးကြီးသည့်အတွက် အမြန်ဆုံး ကောင်းမွန်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စတုတ္ထအချက်အနေဖြင့် မုန်တိုင်း ဒဏ်ခံဆောက်အဉီများ လိုအပ်သည့် ဒေသများတွင် ထပ်မံတည်ဆောက်ရန် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ကြီးများ ဝဲယာရှိ မြို့/ရွာများတွင် အဓိကထားတည်ဆောက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးကာလအတွင်း လျာထားတင်ပြရန်လိုကြောင်း။


ဇွန် ၁ ရက်တွင် တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများအနက် အထက်တန်းကျောင်းများအား ဉီးစားပေးအဖြစ် အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ ပြည်နယ်အတွင်း ဆေးရုံကြီးများကိုလည်း အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန် လိုကြောင်း၊ မြို့သန့်ရှင်းသာယာရေးအတွက် အသင့်စုဖွဲ့ထားသည့် ပူးပေါင်းအဖွဲ့များဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။


နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်းမကျရောက်မီကပင်  ကြိုတင်သတိပေး ၍ ဘေးကင်းရာသို့ ရွှေ့ဆိုင်းစေခဲ့ကြောင်း၊ ပြည်သူအများစုမှာ လိုက်နာကြသော် လည်း တချို့မလိုက်နာကြသည့်အတွက် မလိုလားသည့် အသက်ဘေးအန္တရာယ် ကြုံတွေ့ရသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရကြောင်း၊ မုန်တိုင်းမကျရောက်မှီ ၉ ရက်ခန့်ကပင် သေချာစွာ ကြိုတင်ပြင်ဆင်မှုများကြောင့် အနည်းဆုံး ထိခိုက်ပျက်စီးမှုသာဖြစ်ခဲ့ ကြောင်း၊ ယခုမုန်တိုင်းလွန်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးမူလအခြေအနေထက် သာလွန်ကောင်းမွန်ရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို စနစ်တကျဖြင့် အမှန်တကယ်လိုအပ်သူများ လက်ဝယ်သို့ ရောက်ရှိစေရန်နှင့် အလေအလွင့် အနည်းဆုံးဖြစ်အောင် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျကြီးကြပ် ဆောင် ရွက်ကြရန်လိုကြောင်းနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ခံစားကြရသည့် ပြည်သူများအနေဖြင့်လည်း မိမိပြည်နယ် မြို့၊ ရွာများကို ပြန်လည်ထူထောင်ရေး တစ်တပ်တစ်အား လာရောက်ကူညီဆောင်ရွက်ပေးနေကြသည့် နိုင်ငံ့ဝန်ထမ်းများ နှင့်အတူ ပူးပေါင်းလက်တွဲ၍ မိမိမြို့၊ ရွာများ အမြန်ဆုံး မူလအခြေအနေထက် ပိုမို ကောင်းမွန်ကောင်သော စံပြမြို့၊ ရပ်ကွက်/ကျေးရွာများ ဖြစ်စေရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း မှာကြားခဲ့သည်ဟု သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)