MNP ၊ မေ ၂၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး လုပ်ငန်းများ စတင်နေပြီဖြစ်ရာ ကျောင်းသားကျောင်းသူများအား မိဘအုပ်ထိန်းသူများက ကျောင်းလာရောက်အပ်နှံ နေမှုကို မေ(၂၅)ရက်နေ့ နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ပေါင်မြို့နယ်အတွင်းရှိ လာရောက်ကျောင်းအပ်နှံကြသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ က KG တန်းမှ Grade 12 အထိ စနစ်တကျ ကျောင်းအပ်လက်ခံပေးနေမှုနှင့် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသုံး ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံတို့ ထောက်ပံ့ပေးနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
ပေါင်မြို့နယ်အတွင်း အခြေခံပညာကျောင်း(၁၆၄)ကျောင်းရှိရာ မေ(၂၄)ရက်နေ့အထိ မူလတန်းအဆင့်(၂၁၀၈၁)ဦး၊အလယ်တန်းအဆင့်(၈၉၀)ဦး၊အထက်တန်းအဆင့်(၅၀)ဦး စုစုပေါင်း (၂၂၀၂၁)ဦးလာရောက်အပ်နှံကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment