ကလေးမြို့တွင် ကျောင်းအပ်လက်ခံနေစဉ် PDF အကြမ်းဖက်သမားများက လာရောက်ပစ်ခတ် တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးမြို့တွင် ကျောင်းအပ်လက်ခံနေစဉ် PDF အကြမ်းဖက်သမားများက လာရောက်ပစ်ခတ် တိုက်ခိုက်


MNP ၊ မေ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ စာသင်ကျောင်းတွင် ကျောင်းအပ်လက်ခံနေစဉ် ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် CRPH, NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားက လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ အထက စာသင်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံ လက်ခံနေစဉ် PDF အကြမ်းဖက်သမားများက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကလေးငယ်များအား ထိခိုက်သေကြေစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ/အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)