နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲဝင် မြန်မာဘောလုံး အသင်းများအား ကန်ဒေါ်လာ (၅၀၀၀၀)စီ ချီးမြှင့်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲဝင် မြန်မာဘောလုံး အသင်းများအား ကန်ဒေါ်လာ (၅၀၀၀၀)စီ ချီးမြှင့်မည်





နေပြည်တော်၊ မေ  ၁၅

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မေလ(၅)ရက်နေ့မှ (၁၇)ရက်အထိ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံမှ အားကစားအဖွဲ့များလည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသား ဘောလုံးအသင်းအား  တတိယဆုရရှိပါက အမေရိ ကန်ဒေါ်လာ(၅၀၀၀၀) ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။ မြန်မာအမျိုးသမီး ဘောလုံးအသင်း ကိုလည်း ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့်အတွက် ဒေါ်လာ (၅၀၀၀၀) ချီးမြှင့်ပေးအပ်သွား မည်ဖြစ်ပြီး ပထမဆု ရရှိပါက နိုင်ငံတော်မှ ဒေါ်လာ (၅၀၀၀၀) ထပ်မံချီးမြှင့်ရန် ရည်ရွယ်ထားသော်လည်း ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ရသဖြင့် ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။


မြန်မာအမျိုးသား ဘောလုံး အသင်းသည် ဆီမီးဖိုင်နယ်ပွဲတွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရာတွင် ၃ ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ မေလ(၁၆)ရက်တွင် တတိယနေရာ လုပွဲအဖြစ် ဗီယက်နမ်အသင်းနှင့် မြန်မာအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာ အသင်းက ထိုင်း အသင်းကို ၄ ဂိုး-၂ ဂိုးဖြင့်လည်းကောင်း၊ လက်ရှိချန်ပီယံ ဗီယက်နမ် အသင်းက အိမ်ရှင် ကမ္ဘောဒီးယား အသင်းကို  ၄ ဂိုး - ဂိုးမရှိ ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။ မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် အံ့ဖွယ်စွမ်းဆောင်မှုနှင့်အတူ နှစ်ဂိုးအရှုံးမှ လေးဂိုး ပြန်သွင်းကာ ထိုင်းအသင်းကို အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ 


#MyanmarNationalPost

No comments:

Post a Comment