ပြည်ထဲရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု ဆင့်ပွားသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထဲရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု ဆင့်ပွားသင်တန်းဖွင့်လှစ်



MNP ၊ မေ  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ပြည်ထဲရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုဆင့်ပွား သင်တန်းကို မအူပင်ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ယနေ့ နံနက် ၉ နာရီက အမှတ် ၄ ရပ်ကွက်ရှိ ခရိုင်သာသနာ့ ဗိမ္မာန်တော်ကြီးတွင် ကျင်းပသည်။


အဆိုပါ သင်တန်းဖွင့်ပွဲသို့ ဧရာဝတီတိုင်း ဓမ္မစကူးလ်အတွင်းရေးမှူး မအူပင်မြို့ အိုင်ဝိုင်းကျေးရွာအုပ်စု သုခရိပ်ကျောင်းတိုက်ဆရာတော် ဦးကောသလ္လမှ အဖွင့်ဩဝါဒစကားမိန့်ကြားပြီး မအူပင်ခရိုင် မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးလွင် က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားသည်။ ၎င်းနောက သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းသား/သင်တန်းသူများအား လက်ဆောင်ပစ္စည်းနှင့် သင်ထောက်ကူပစ္စည်း များ ပေးအပ်လှူဒါန်းခဲ့သည်။


သင်တန်းသို့ မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးဝန်ထမ်းများ၏ သားသမီးများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများက ကျောင်းသား/ကျောင်းသူ ၁၅၀ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ၃ ရက်ဖြစ် ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)