တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အလယ်အာရှဒေသ တည်ဆောက်မှုဆိုင်ရာ ယူဆချက် ၄ ရပ်အား အဆိုပြု ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အလယ်အာရှဒေသ တည်ဆောက်မှုဆိုင်ရာ ယူဆချက် ၄ ရပ်အား အဆိုပြု ပြောကြား



ရှီးအန်း၊ မေ ၁၉ 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ရှီးအန်းမြို့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသော တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့ရာ အလယ်အာရှတည်ဆောက်မှုဆိုင်ရာ ယူဆချက် ၄ ရပ်အား အဆိုပြု ပြောကြားခဲ့သည်။ 

သမ္မတ ရှီကျင့်ဖိန်က လက်ရှိ ရာစုနှစ်တစ်ခု အရှိန်အဟုန်ဖြင့် ဆင့်ကဲပြောင်းလဲလာမှုများတွင် ကမ္ဘာကြီး၏ ပြောင်းလဲမှု၊ ခေတ်ကာလ၏ ပြောင်းလဲမှု၊ သမိုင်း၏ ပြောင်းလဲမှုများက ယခင်ကမကြုံခဲ့ရဖူးသော ပုံစံဖြင့် ဖြစ်ပွားလျက်ရှိကြောင်း၊ အလယ်အာရှသည် ယူရေးရှားကုန်းမြေ၏ ဗဟိုချက်ဖြစ်ပြီး အရှေ့-အနောက် ချိတ်ဆက်ရာ တောင်-မြောက် ဖြတ်သန်းရာ လမ်းဆုံတွင် တည်ရှိကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာကြီးအနေဖြင့် တည်ငြိမ်မှုရှိသော အလယ်အာရှဒေသကို လိုအပ်ကြောင်း၊ အလယ်အာရှဒေသ နိုင်ငံများ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ လွတ်လပ်စွာရပ်တည်မှု၊ နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ပြီး အလယ်အာရှဒေသ ပြည်သူများ ကိုယ်ပိုင်ရွေးချယ်သော ဖွံ့ဖြိုးရေးလမ်းစဉ်ကို လေးစားရမည် ဖြစ်ကြောင်း ၊ အလယ်အာရှ ဒေသ၏ ငြိမ်းချမ်းရေး၊ သင့်မြတ်ရေး၊ အေးချမ်းသာယာရေးအတွက် ကြိုးပမ်းမှုများကို အားပေးထောက်ခံရမည် ဖြစ်ကြောင်း  သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ 

ကမ္ဘာကြီးအနေဖြင့် စည်ပင်သာယာဝပြောသော အလယ်အာရှဒေသကို လိုအပ်ကြောင်း ၊ တက်ကြွလှုပ်ရှားမှုရှိပြီး ပို၍တိုးတက်မှုရှိသော အလယ်အာရှဒေသသည် ဒေသတွင် နိုင်ငံ အသီးသီးရှိပြည်သူများ၏ သာယာလှပသော နေထိုင်မှုဘဝ မျှော်မှန်းချက်များကို ဖော်ဆောင်နိုင်မည်ဖြစ်သလို ကမ္ဘာစီးပွားရေး ပြန်လည်ရှင်သန်ဖွံ့ဖြိုးလာမှုအတွက် အားကောင်းသော တွန်းအာ ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ 

ကမ္ဘာကြီးအနေဖြင့် သင့်မြတ်မှုရှိသော အလယ်အာရှဒေသကို လိုအပ်ကြောင်း၊ “ညီအစ်ကိုရင်းချာ ချစ်ကြည်ရေးက ဥစ္စာဓနအလုံးစုံထက် သာလွန်”ကြောင်း၊ လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးအငြင်းပွားမှု ၊ ယဉ်ကျေးမှုကွာဟချက်က အလယ်အာရှဒေသ၏ မဏ္ဍိုင်မဟုတ်ဘဲ စည်းလုံးညီညွတ်ခြင်း၊ အားလုံးပါဝင်မှုကို သဘောထားကြီးစွာ လက်ခံခြင်း၊ သင့်မြတ်ခြင်းကသာ အလယ်အာရှဒေသ ပြည်သူများ၏ လိုလားသောအရာ ဖြစ်ပါကြောင်း၊ မည်သူကမျှ အလယ်အာရှဒေသတွင် သဘောထားကွဲလွဲမှု၊ ထိပ်တိုက်ရင်ဆိုင်မှုများကို ဖန်တီးခွင့်မရှိသလို ထိုအဖြစ်အပျက်များမှ နိုင်ငံရေးအကျိုးအမြတ်ထုတ်ခြင်းကို ပို၍ မလုပ်ဆောင်သင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ 

ကမ္ဘာကြီးအနေဖြင့် ဆက်သွယ်ချိတ်ဆက်မှုရှိသော အလယ်အာရှဒေသကို လိုအပ်ကြောင်း၊ အလယ်အာရှဒေသသည် တစ်မူထူးခြားသော ပထဝီအနေအထားအားသာချက် ရှိရာ ကမ္ဘာ့ကုန်စည်ဖလှယ်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဆောင်ရန် ယူရေးရှားကုန်းမြေ၏ အဓိကကျသော အပြန်အလှန်ဆက်သွယ်ချိတ်ဆက်ရာ အချက်အချာနေရာအဖြစ် ဖော်ဆောင်မည့် အခြေခံ၊ အခြေအနေနှင့် စွမ်းရည် ရှိကြောင်း ပြောကြားခဲ့သည်။ 


Ref - (ဆင်ဟွာ) 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)