ဂွမြို့ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် မြစိမ်းရောင် ရန်ပုံငွေများ ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် မြစိမ်းရောင် ရန်ပုံငွေများ ထုတ်ချေး



MNP ၊ မေ  ၂၆

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရဟိုင်ဖျားကျေးရွာ၊ ဘိုကလေး(ကျောင်းကုန်း)ကျေးရွာ၊ ဂျိုင်ကြီး+ ပလ္လင်မော်+ ရွာသစ် ကျေးရွာ၊ သဗြုချောင်း+ဒယ်ပုတ် ကျေးရွာတို့တွင် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ မြစိမ်းရောင် ရန်ပုံငွေ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခြင်းကို  မေလ(၂၅) ရက်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမနှင့် ကျေးရွာများအရောက် ထုတ်ချေးပေးခဲ့သည်။


ထိုသို့ မြစိမ်းရောင် ရန်ပုံငွေ ထုတ်ချေးရာတွင် စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ(၁၃၀)ဦးအား (၅၉.၅၉)ကျပ်သန်း၊မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ(၂၇၅)ဦးအား (၉၄.၅၅၅)ကျပ်သန်း၊ ရေလုပ်ငန်း လုပ်ကိုင်သူ(၂၈)ဦးအား (၁၂.၆၀၈)ကျပ်သန်း၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ (၁)ဦးအား (၀.၃၅)ကျပ်သန်း၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ(၈၆)ဦးအား (၄၂.၄၃၇)ကျပ်သန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း လုပ်ကိုင်သူ(၈)ဦးအား (၃.၇၁)ကျပ်သန်း၊ စုစုပေါင်း လုပ်ငန်းလုပ်ကိုင်သူ(၅၂၈)ဦးအတွက် (၂၁၃.၂၅)ကျပ်သန်းအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment