ရမ်းဗြဲမြို့၌ လူထုအခြေပြုဗဟိုဌာ(Community Centre)ခန်းမတွင် နံရံကပ်စာစောင်ပြပွဲ၊စာအုပ်စာစောင်ပြပွဲနှင့်စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ လူထုအခြေပြုဗဟိုဌာ(Community Centre)ခန်းမတွင် နံရံကပ်စာစောင်ပြပွဲ၊စာအုပ်စာစောင်ပြပွဲနှင့်စာဖတ်ဝိုင်းကျင်းပ






MNP ၊ မေ  ၂၆

ရခိုင်ပြည်နယ် ၊ ကျောက်ဖြူခရိုင် ၊ ရမ်းဗြဲမြို့နယ် လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ ၊  မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များသည် ယနေ့ နေ့လည်(၁၂)နာရီအချိန်က နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင် ပြပွဲနှင့် စာဖတ်ဝိုင်း  ကျင်းပပြုလုပ်ခဲ့ကြသည်။


ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဒေါ်အောင်တင်ကြည်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နန်းစောညွန့်က ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀) အမှတ်(၂) ၊၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီ(၁၅) ရက်နေ့ထုတ်   ဆောင်းပါးပါ ကံကောင်းဖို့ရာမခက်ပါ ခေါင်းစဉ်ဖြင့်  စာဖတ်ဝိုင်း  ကျင်းပပြုလုပ်ခဲ့ကြသည်။


 ၄င်းနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့  ဥက္ကဌနှင့်အဖွဲ့ဝင်များ ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး  အသင်းဝင်များသည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု  တိုက်ဖျက်ရေးအထိမ်းအမှတ်  နံရံကပ်စာစောင်နှင့် ခင်းကျင်းပြသထားသော  စာအုပ်၊စာစောင်များကို စိတ်ဝင်တစား  လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)