NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ အကြမ်းဖက်သမားတွေ လက်ချက်နဲ့ ဦးတင့်လွင် ဆုံးပါးခဲ့ရပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ အကြမ်းဖက်သမားတွေ လက်ချက်နဲ့ ဦးတင့်လွင် ဆုံးပါးခဲ့ရပြီ





ဒီကနေ့ မနက် ဦးတင့်လွင့် အပစ်ခံရတယ်သတင်းကြားလို့ အားလုံးကို ဆက်သွယ်စုံစမ်းပါတယ်။ သတင်းက တိကျနေပေမယ့် အတည်မပြုနိုင်ရင် လွဲမှားဖော်ပြမှု ဖြစ်မျာစိုးလို့ စုံစမ်းကြဖို့ ဆက်သွယ်ပြောဆိုရပါတယ်။ သေချာပါတယ် ဦးတင်လွင်ကို NUG လက်ပါးစေ အကြမ်းဖက်သမားတွေ က လုပ်ကြံသတ်ဖြတ်လိုက်ကြပါပြီ။


ဖြစ်စဉ်က ယနေ့ ၁၂ နာရီခွဲ ဝန်းကျင်အချိန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၈) ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းနှင့် ဇေယျသိဒ္ဓိလမ်းထောင့်၊ ရွှေသုခ လက်ဖက်ရည်ဆိုင်မှာ ထမင်းကြော်စားနေစဉ် ဝင်ပစ်သွားခဲ့တာပါ။ ဦးတင့်လွင် ဦးခေါင်း နောက့်စေ့ဖောက်ဝင် ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသူ ဦးတင့်လွင် ကို ဆေးရုံပို့ဆောင်ထားပြီ ဖြစ်ပါတယ်။


ပထမတစ်ကြိမ်ကလည်း မြောက်ဥက္ကလာပမြို့နယ်ထဲမှာ လက်ဖက်ရည်ဆိုင်မှာပဲ ဝင်ရောက်ပစ်ခတ်ခြင်း ခံခဲ့ရပါတယ်။ ဦးတင့်လွင် ကို ပစ်ခတ်သတ်ဖြတ်ဖို့ ကြိုးစားနေသူတွေကတော့ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ အကြမ်းဖက်သမားတွေ ဖြစ်ပါတယ်။ ၂၀-၅-၂၀၂၃ ရက်နေ့ က ရန်ကုန်မြို့ပေါ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုင်းကျော်သူ ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်သမားတွေ ဖမ်းဆီးရမိမှုနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားပါတယ်။ NUG အကြမ်းဖက်အဖွဲ့က သူတို့ သတ်ဖြတ်လိုတဲ့ လူပုဂ္ဂိုလ်ရဲ့ အချက်အလက်၊ ဓာတ်ပုံ ပေးပို့ပြီး လူတစ်ယောက် သတ်ရင် ငွေ ၅သိန်း ပေးပြီး သတ်ခိုင်းနေတာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိ NUG အကြမ်းဖက်အဖွဲ့ရဲ့ သြဇာခံ YRF အကြမ်းဖက်သမားတွေရဲ့ ထွက်ဆိုချက်မှာ -

ဇူလိုင်လ ၁ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည် ဖမ်းဆီးရန် ကျန်တရားခံများဖြစ်သည့် ဥက္ကာလင်းယံ နှင့် Jame တို့၏ စေခိုင်းမှုဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ မေယု(၄)လမ်း၊ “ပြည့်ဝမေ” လက်ဖက်ရည်ဆိုင်ရှေ့တွင် အပြစ်မဲ့ပြည်သူ ဦးတင့်လွင် အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး  စိုးသူ(ခ)Red(ခ)ကောင်းဝေ မှ အခြေအနေကြည့်ရှု့ပေးခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။


YRF အကြမ်းဖက်အဖွဲ့က ထွက်ပြေးလွတ်မြောက်နေသူတွေ ရှိပါသေးတယ်။ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ သြဇာခံ YRF အကြမ်းဖက်သမားတွေကပဲ ဦးတင့်လွင်နောက်ကို လိုက်ချောင်းနေသလား။ NUG အကြမ်းဖက်အဖွဲ့ရဲ့ သြဇာခံ တခြားအကြမ်းဖက်သမား ကပဲ သတ်တာလား။ 


ပထမတစ်ကြိမ် ပစ်ခတ်ခံရပြီး အားလုံးက စိုးရိမ်လို့ ရွှေ့ပြောင်းတိမ်းရှောင်နေထိုင်စေခဲ့ပါတယ်။ NUG သြဇာခံ အကြမ်းဖက်သမားများဟာ ဦးတင့်လွင် ကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး သတ်ဖြတ်ဖို့ ကြံစည်နေကြတဲ့ သဘောမျိုး  ဖြစ်ပါတယ်။ တိမ်းရှောင်နေရာကနေ ရန်ကုန်ပြန်သွားတာမှ မကြာသေးပါဘူး။ အခု သတိလက်လွတ်ဖြစ်သွားတဲ့အချိန်မှာ အကြမ်းဖက်သမား က ရက်ရက်စက်စက် ကို လုပ်သွားခဲ့ပါတယ်။


NLD အကြမ်းဖက်သမား ပြည်ပြေး ဝရမ်းပြေး တွေက အကြမ်းဖက်လှုပ်ရှားမှု စပါပြီဆိုကတည်းက အမျိုးသားရေးလှုပ်ရှားသူများအပေါ် ပစ်မှတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ မူဆယ်မြို့မှာ ကိုဇော်ကြီး အသတ်ခံခဲ့ရတယ်။ လှိုင်မြို့နယ်မှာ လှိုင်လူငယ်အဖွဲ့က ကိုကျော်ကြီး အသတ်ခံရပြီး ကျန်တဲ့သူတွေ အားလုံးတိမ်းရှောင်နေကြရတယ်။ သာကေတမြို့နယ်မှာ ကိုမြင့်သိန်း သေအောင်လုပ်တာပဲ။ မသေလို့ တိမ်းရှောင်နေရတယ်။ ဦးတင့်လွင် ကို ပထမအကြိမ် အသေသတ်ဖို့ ကြိုးစားတာပဲ။ ပြန်ပြီး ကုသနိုင်ခဲ့လို့သာ အသက်ရှင်ခဲ့တာ။ အခုတော့ အသေသတ်လိုက်ကြပြီ။


NLD ပါတီက ပြည်ပြေး ဝရမ်းပြေး ပြည်ပသြဇာခံ ခွေးသူတောင်းစားများရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေကတော့ စာဖွဲ့ပြောလို့ မကုန်နိုင်တော့ပါဘူး။ အမျိုးသားရေး ညီအစ်ကိုများ သတိ၊ သတိရှိကြဖို့ ပြောရင်းကပဲ ပြည်ဖျက်မိစ္ဆာ နှိမ်နင်းရေးကို ဘယ်သူ လုပ်လုပ် မလုပ်လုပ် အမျိုးသားရေးအတွက် လုပ်ရမယ်။ 


ဦးတင့်လွင် ဈာပနအတွက် ဆရာတော်ဦးသုကိုလည်း လျှောက်ထားပါတယ်။ အဆင်ပြေဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ကြဖို့၊ အမျိုးသားရေးလှုပ်ရှားသူတွေ သတိလက်လွတ်ဖြစ်တဲ့တချက်မှာ ဘဝတွေ ဆုံးပါးသွားခဲ့ရတယ်။ လူငယ်တွေကို အကြမ်းဖက်သမားအဖြစ် အသုံးချပြီး လူတစ်ယောက်ကို ၅သိန်း ပေးပြီး သတ်ခိုင်းနေတဲ့ ပြည်ပြေး ဝရမ်းပြေး NLD က လူ့မိစ္ဆာတွေရဲ့ သြဇာခံ အကြမ်းဖက်သမားတွေကို ညီအစ်ကိုတို့ သတိတရားနဲ့ နှိမ်နင်းကြရမယ်။ ပြည်ဖျက်မိစ္ဆာနှိမ်နင်းရေးကို ဘယ်သူမှ တာဝန်မယူလည်း အမျိုးသားရေးက တာဝန်ယူပြီး နှိမ်နင်းရမယ် ဆိုတာကို ကိုဇော်ကြီး၊ ကိုကျော်ကြီး၊ ကိုတင့်လွင် တို့က သတိပေးခေါင်းလောင်း ထိုးခဲ့ပြီပဲ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)