ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာ၊ တလုတ်ကုန်းကျေးရွာနှင့် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာ၊ အပင်နှစ်ဆယ်ကျေးရွာရှိ လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာ၊ တလုတ်ကုန်းကျေးရွာနှင့် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာ၊ အပင်နှစ်ဆယ်ကျေးရွာရှိ လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်



MNP ၊ မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ လေဘေး သင့်ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥ၊ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်း များနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ မြောင်းမြခရိုင် သဘာဝ ဘေးအန္တရာယ်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်အဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုအသင်းအဖွဲ့များနှင့် လေဘေးသင့်ပြည်သူ များ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးက အိမ်မဲမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ရာ လေဘေးသင့်ပြည်သူများမှ အသီးသီး လက်ခံရယူပြီး လေဘေးသင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အိမ်မဲမြို့နယ်၊ တလုတ်ကုန်းကျေးရွာနှင့် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီး ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းအမိုးလန် ပျက်စီးမှု များကို နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ စာသင်ကျောင်းများအား လိုအပ်သည့် သွပ်အမိုးများ အသစ်လှဲလှယ်ပေးမှုများနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုများကို ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေ များပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။


အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဖျာပုံမြို့၊ ဒေးဒရဲမြို့၊ ဟင်္သာတမြို့၊ လပွတ္တာမြို့၊ မော်လမြိုင်ကျွန်းမြို့နှင့် ကျိုက်လတ်မြို့များ၌ လေပြင်း တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စေတီများ၊ စာသင်ကျောင်း များ၊ လူနေအိမ်များနှင့် လမ်းများပေါ်တွင် လဲကျနေသည့် သစ်ပင်သစ်ကိုင်းများအား နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ ကူညီ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လေဘေးသင့်ပြည်သူများအားထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ ငွေများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)