MNP - မေ ၃၀
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘယ်နောက်ခံကစားသမား လူးကပ်စ်ဟာနန်ဒက်ဇ်ကို PSGအသင်းကလည်း စိတ်ဝင်စားနေပေမယ့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ သဘောထားမှာ မပြောင်းလဲဘဲ လူးကပ်စ် ဟာနန်ဒက်ဇ် စာချုပ်သက်တမ်းတိုးပြီး လာမည့်ရာသီမှာ အသင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်လက်ထားရှိလိုနေကြောင်း သိရသည်။
အဆိုပါ အသက် ၂၇နှစ်အရွယ် ပြင်သစ်သားရဲ့ စာချုပ်သစ်အတွက် နောက်ဆုံးဆုံးဖြတ်ချက်ကို ဘိုင်ယန်မြူးနစ်အသင်းဘက်က စောင့်ဆိုင်းနေပြီး ဖေဖော်ဝါရီကတည်းက အလုံးစုံ သဘောတူညီမှုရရှိဖို့ ကြိုးစားနေကြောင်း သိရသည်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment