သဲကုန်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲကုန်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ




MNP ၊ မေ  ၃၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့῍ ဆောင်ပုဒ်နှင့်အညီ "၂၀၂၃-၂၀၂၄  ပညာသင်နှစ်  ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ပိုင်းက အ.ထ.က သဲကုန်း သာဓုခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးဌေးဝင်းက ကျောင်းအပ်နှံရေးနေ့နှင့်ပတ်သတ်၍ ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းပြောကြားပြီး ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ၊ မိဘအုပ်ထိန်းသူများ သိရှိထားသင့်သော ယနေ့ပညာရေးစနစ်အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးမှူးတို့က နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံ ပေးအပ်၍ ဉာဏ်ဇင်ဖြိုးကုမ္မဏီမှ ဘုန်းတော်ကြီးသင်ကျောင်းနှင့် ကျောင်းပြင်ပပညာရေးစခန်းများသို့ အလှူငွေများပေးအပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)