ကန်ကြီးထောင့်မြို့နယ်အတွင်း လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်ဆီးခဲ့သည့် စာသင်ဆောင်များ ပြုပြင်ပြီးစီးမှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ် မှကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်အတွင်း လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်ဆီးခဲ့သည့် စာသင်ဆောင်များ ပြုပြင်ပြီးစီးမှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ် မှကွင်းဆင်းကြည့်ရှု






MNP ၊ မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မေလ ၁၃ရက်နှင် ၁၄ ရက်နေ့များတွင် တိုက်ခိုက်ခဲ့သော လေပြင်းမုန်တိုင်းကြောင့် ထိခိုက်ပျက်ဆီးခဲ့သော စာသင်ကျောင်းများအား ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများအားတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မေလ ၁၇ ရက်နေ့ နေ့လယ်တွင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ပထမဦးစွာ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်ကျေးရွာရှိ အခြေခံမူလတန်းကျောင်း၏ အမိုးခံမျက်နှာကျက်များကျိုးကျနေမှုများ အားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်၍တကုန်းကြီးကျေးရွာရှိ အခြေခံပညါအထက်တန်းကျောင်းတွင် သစ်ပင်ပြိုလဲမှုကြောင်း သွပ်ပြားတချို့နှင့် အမိုးခံကျောက်ပြားများ ပျက်ဆီးခဲ့မှုများအပေါ် ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ်ပညါရေးမှူး ဒေါ်တင်မေသန်းတို့ကလိုက်လံ ရှင်းလင်းပြသခဲ့ကြကြောင်းသိရသည်။


မဇင် 

#MyanmarNationalPost

No comments:

Post a Comment