စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ






MNP ၊ မေ ၁၈

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် ကလေးခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအားတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စုပေါင်းရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့‌နောက် ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက ကလေးခရိုင်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်ထည်ဖော်ဆောင်ရွက်‌နေမှု အခြေနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်ဦးမြတ်ကျော်မှ ကလေးခရိုင်အဆင့်ဝန်ထမ်းများကို ငွေကျပ် (၁၀) သိန်းကျပ်နှင့် မြို့နယ်အဆင့်ဝန်ထမ်းများကို ငွေကျပ် (၁၀) သိန်းကျပ်ကို ထောက်ပံ့ပေးအပ်ရာ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် ကလေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှစိုးတို့မှ ဝန်ထမ်းများကိုယ်စားလက်ခံခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment