MNP - မေ ၂၇
အေစီမီလန်အသင်းရဲ့ တိုက်စစ်မှူး ဒီဗို့ခ် အိုရီဂီဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ အေစီမီလန်အသင်းမှ ထွက်ခွာရန်အခွင့်အရေးများရှိနေပြီး အင်္ဂလိပ် ပရီးမီးယားလိပ်နှင့် တူရကီလိပ် ကလပ်အသင်းများက အိုရီဂီကို ခေါ်ယူရန် စိတ်အားထက်သန်နေပေမယ့် ယခုအချိန်အထိ မည်သည့် ဆွေးနွေးမှုမှ မရှိကြောင်း သိရသည်။
အဆိုပါ အသက် ၂၈နှစ်အရွယ် ဘယ်လ်ဂျီယံသားကို ခေါ်ယူဖို့ အက်စတွန် ဗီလာအသင်းကလည်း စောင့်ကြည့်နေတယ်လို့ မကြာသေးမီက ကောလဟလတွေထွက်ပေါ်နေပေမယ့် ကမ်းလှမ်းတစ်စုံတစ်ရာ ပြုလုပ်ထားခြင်း မရှိသေးပေ။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment