MNP ၊ မေ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အတွင်း ၂၀၂၃ - ၂၀၂၄ ခုနှစ်မိုးစပါးအောင်ရေ ရှိရေးနှင့်ဒုတိယသီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက်ပြည်ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးဇော်လွင်ဦး နှင့်အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက် / ကြပ်ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများက ယမန်နေ့ နံနက်ပိုင်းက ဆည်တမံများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
၂၀၂၃ - ၂၀၂၄ ခုနှစ်မိုးစပါးအောင်ရေ ရှိရေးနှင့်ဒုတိယသီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက် ရွှေတောင်မြို့နယ် ကွင်းယားကြီးကျေးရွာအုပ်စု၊ကွင်းယားကြီးကျေးရွာနှင့်ကျွဲသေကျေးရွာကြားရှိ၊ ကျောက်ဆည်ရေတမံ ခိုင်ခန့်မှုအားနည်းနေခြင်းနှင့် ပင်မမြောင်းကျဥ်းမြောင်းနေခြင်းတို့ကြောင့်ပျက်စီးနေသောကျောက်ဆည်ရေတမံအား ပြန်လည်ပြုပြင်နိုင်ရေးနှင့် ရွှေတောင်မြို့နယ် ၊ထန်းကုန်းကျေးရွာအုပ်စု၊ ကံရှိုကျေးရွာရှိ ကံရှိုတစ်ဖက်ပိတ်ဆည် ရေတံခါးပြန်လည်ပြုပြင်နိုင်ရေးတို့အား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment