ရွှေတောင်မြို့နယ်တွင် ၂၀၂၂ -၂၀၂၃ ခုနှစ် နွေစပါး စံပြကွက်ရိတ်သိမ်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ၂၀၂၂ -၂၀၂၃ ခုနှစ် နွေစပါး စံပြကွက်ရိတ်သိမ်းပွဲအခမ်းအနားကျင်းပ




MNP ၊ မေ  ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မင်းကွန်းကျေးရွာအုပ်စု၊ အင်ကြင်းစင်ကျေးရွာ၊ ကွင်းအမှတ်( ၄၀၂B)( အင်ကြင်းစင်ကွင်းရှိ) တောင်သူဦးကျော်လွင်စိုက်ပျိုးထားရှိသော၂၀၂၂ -၂၀၂၃ ခုနှစ်နွေစပါး စံပြကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။


           အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်နှင့် ဝန်ထမ််းများ ၊မြို့နယ်စိုက် / ကြပ်ကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ဒေသခံတောင်သူများ စုစုပေါင်းအင်အား ( ၈၃)ဦးခန့်တက်ရောက်ခဲ့ကြပြီးတစ်ဧကလျှင်အစိုအထွက်တင်း( ၁၃၀ . ၄၃)တင်းထွက်ရှိကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)