MNP ၊ မေ ၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို မေလ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီက ရသေ့တောင်မြို့နယ် ဆိပ်ကမ်းများ၌ ဖြန့်ဝေခဲ့ကြသည်။
ထိုသို့ အသိပညာပေးလက်ကမ်းစာစောင်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှုဦးစီးဌာန(နေပြည်တော်)မှ ထုတ်ပြန်ထားသည့် အချက်အလက်များ သိရှိစေရန်၊ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အကြောင်း၊ လေဖိအားနည်းရပ်ဝန်းမှ ပိုမိုအားကောင်းကာ မုန်တိုင်းအဆင့် ကူးပြောင်းနိုင်မှု အခြေအနေများ၊ ထိုမှတစ်ဆင့် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ အားကောင်းလာနိုင်သည့်အခြေအနေများနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များ ပါဝင်ပြီး လက်ကမ်းစာစောင် (၁၀၀) စောင်ကို ဖြန့်ဝေပေးခဲ့ကြသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment