မိုးရွာသွန်း​ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၉)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးရွာသွန်း​ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၉)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်



MNP ၊ မေ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၅) ရပ်ကွက်၊ ဖိုး​ရွှေမြကုန်း​ကျေးရွာ၊ ကွင်း​ပေါက်အုပ်စု၊ အိမ်​ချောင်း​လေး​ကျေးရွာနှင့် အမှတ်(၁၄)ရပ်ကွက်၊ ပန်းဆက်​တို့ရှိ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျ ပျက်စီးခဲ့သည့် အိမ်ထောင်စု (၉)စုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့သည့် အမှတ် (၁၅)ရပ်ကွက်၊ ဖိုး​ရွှေမြကုန်း​ကျေးရွာ၊ ကွင်း​ပေါက်အုပ်စု၊ အိမ်​ချောင်း​လေး​ကျေးရွာနှင့် အမှတ်(၁၄) ရပ်ကွက်၊ ပန်းဆက်​တို့ရှိ နေအိမ်(၉)လုံး အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အိမ်​ဆောက် ပစ္စည်းဖိုး​ ထောက်ပံ့​ငွေကျပ်(၉၀၀၀၀၀ိ/-)၊ ကျား/မ လူဦး​ရေ စုစု​ပေါင်း(၄၀)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​ ထောက်ပံ့​ငွေကျပ်(၈၄၀၀၀ိ/-)၊ စုစု​ပေါင်း ​​ထောက်ပံ့​ငွေကျပ် (၉၈၄၀၀၀ိ/-)နှင့် မြို့နယ်စီမံအုပ်ချုပ်​ရေး အဖွဲ့မှ ​ဘေးသင့်အိမ်​ထောင်စု(၉)စုအတွက် ထောက်ပံ့သည့် ​ခေါက်ဆွဲ​ခြောက် (၉)ဖာ၊ ​ရေသန့်တစ်လီတာဘူး (၆)လုံးပါ (၉)ကတ်နှင့် ကြက်ဥအလုံး(၃၀)ပါ (၉)ကတ်တို့အား  ​ဘေးသင့်ပြည်သူများ လက်ဝယ်သို့အ​ရောက် ကွင်းဆင်း​ထောက်ပံ့​ပေးအပ်ခဲ့ပါ​ကြောင်း သတင်းရရှိသည်။


မြင့်ဟန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment