ငဖဲမြို့နယ် စည်သာကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နွား ၃၃ ကောင် သေဆုံးမှု ဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ် စည်သာကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နွား ၃၃ ကောင် သေဆုံးမှု ဖြစ်ပွား




MNP ၊ မေ  ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ မေလ ၁၃ ရက်နေ့တွင် မိုခါဆိုင်ကလုန်း မုန်တိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် စည်သာကျေးရွာအုပ်စု စည်သာကျေးရွာတွင် ဒေသခံတောင်သူများမွေးမြူထားသော နွားများ အအေးမိ၍ နာမကျန်းဖြစ်ကာ နွား ၃၃ ကောင် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ စည်သာကျေးရွာတွင် မေလ ၁၃ ရက် နှင့်‌ ၁၄ ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဒေသခံတောင်သူများ မွေးမြူထားသော နွားများ အအေးမိ၊ နာမကျန်းဖြစ်ကာ မေလ ၁၅ ရက်နေ့ ညနေပိုင်းနှင့် ယမန်နေ့ မနက်ပိုင်းတွင် နွားများ လဲကာသေဆုံးခဲ့ပြီး နွားထီး (၄)ကောင်၊ နွားအမ (၉)ကောင်၊ နွားပေါက် (၂၀)ကောင် စုစုပေါင်း နွား(၃၃) ကောင် ရှိကြောင်းနှင့် နာမကျန်းဖြစ်၍ လဲနေဆဲ ၁၀ ကောင် ရှိကြောင်း၊ အဆိုပါ နွားကောင်ရေ ၄၀ ကျော်ကို တောင်သူ (၅)ဦးမှ ပိုင်ဆိုင်ကြောင်းသိရကာ ခန့်မှန်းတန်ဖိုး ၁၁၅ သိန်းခန့် ဆုံးရှုံးကြောင်း သိရပြီး သက်ဆိုင်ရာတာဝန်ရှိသူများအဖွဲ့က သွားရောက်စစ်ဆေးလျက်ရှိကြောင်း  သိရသည်။


မယု

 https://t.me/MyanmarNationalPost





No comments:

Post a Comment