ဂွမြို့နယ်၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့် ဓာတ်အားတိုင်များအား ပြန်လည် တည့်မတ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့် ဓာတ်အားတိုင်များအား ပြန်လည် တည့်မတ်ဆောင်ရွက်





MNP ၊ မေ  ၁၆

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်  အလွန်ပြင်းထန်သော မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် မေလ(၁၄)ရက်နေ့က ပြိုလဲခဲ့သည့် ဓာတ်အားတိုင်များအား မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့နှင့် ယနေ့ညနေပိုင်းတွင်  ပြန်လည် တည့်မတ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူရေးလုပ်ငန်းမှ တာဝန်ရှိသူများက  မေလ(၁၄)ရက်နေ့က လဲကျခဲ့သည့် ရွှေဦးကွင်းကျေးရွာရှိ ၄၀၀ဗို့ဓာတ်အားလိုင်း 9M တိုင်၇တိုင်နှင့် ဂွမြို့ချယ်ရီလမ်းရှိ 315kVA ထရန်စဖော်မာ ၂ တိုင် ပြိုလဲပျက်စီးသွားမှုကို တပ်မတော်သားများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ပြန်လည် တည့်မတ် ဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးအလှည့်ကျ ဖြန့်ဝေပေးခြင်း စသည့်လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)