ပေါင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါးသီးနှံ တောင်သူပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါးသီးနှံ တောင်သူပညာပေးဆွေးနွေးပွဲကျင်းပ





MNP ၊ မေ  ၂၃

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်စိုက်ပျိုးရေးဦးစီးဌာနမှကျင်းပပြုလုပ်သော မိုးစပါးသီးနှံတောင်သူပညာပေးဆွေးနွေးပွဲကျင်းပခြင်းကို  ယနေ့နံနက်ပိုင်းက ကျွဲခြံကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှဒုတိယဦးစီးမှူး  ဒေါ်အေးအေးခိုင်မှ စပါးသီးနှံ တစ်ဧကအထွက်နှုန်းတိုးတက်မြင့်မားရေး၊နည်းမှန်၊လမ်းမှန်စိုက်ပျိုးကြရမှာဖြစ် ကြောင်း၊လိုအပ်သောအထောက်အပံ့များကိုစိုက်ပျိုးရေးဦးစီးဌာနမှာလာရောက်မေးမြန်းနိုင်ကြောင်း၊ အမှာစကားပြောကြားခဲ့သည်။


ထို့နောက် သီးနှံကာကွယ်ရေးတာဝန်ခံများမှ စပါးသီးနှံတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများအားကြိုတင်ကာကွယ်ခြင်းလုပ်ငန်းစဥ်များအားနှီးနှောဖလှယ်ဆွေးနွေးခဲ့ကြသည်။


အလားတူ  အဆိုပါဆွေးနွေးပွဲကို သဗြုချောင်ကျေးရွာတွင်လည်းကောင်း ဒုတိယဦးစီးမှူးဒေါ်ခင်နှင်းရီ နှင့်တာဝန်ရှိသူ၊ တောင်သူ (၃၃)ဦးနှင့်ကျွဲခြံကျေးရွာတွင်လည်းကောင်းစိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူ စုစုပေါင်း( ၂၃ ) ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)