ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကျောက်ဖြူမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကျောက်ဖြူမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံ







MNP ၊ မေ  ၂၉

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမ များနှင့်တွေ့ဆုံပြီး ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား စာရင်းမှန်ရရှိရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပြီးစီးနိုင်ရေး ရှင်းလင်းဆွေးနွေး ကြသည်။


ဆွေးနွေးရာတွင် ဒုတိယဗိုလ်ချုပ်ကြီး လူအေးက တက်ရောက်လာကြသည့်  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပညာရေးဌာနမှ ဆရာ၊ဆရာမများအနေဖြင့် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် မိမိတို့၏ ရပ်ကွက်/ကျေးရွာများအတွင်းရှိ ပျက်စီးသွားသည့် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များနှင့် အဆောက်အဦစာရင်းများကို မှန်ကန်တိကျမှုရှိစေရန် တစ်ရွာချင်း၊ တစ်ကျောင်းချင်း စနစ်တကျစိစစ်ပြီး တင်ပြရမည်ဖြစ်ကြောင်း၊ အမိုးလန်ပျက်စီးသွားသည့် စာသင်ကျောင်းများကိုလည်း အချိန်မီဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဖွင့်ရက်မတိုင်မီ အမြန်ဆုံးကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း၊ သာသနိကအဆောက်အအုံများကိုလည်း ဆရာဒကာများပူးပေါင်း၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ဦးဆောင်ကာ ညီညီညွတ်ညွတ်ဖြင့် အမြန်ပြီးစီးရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပျက်စီးသွားသည့် အဆောက်အဦစာရင်းများကို စာရင်းဇယားများတိကျမှန်ကန်စွာရရှိရန် ဆောက်လုပ်ရေးဌာနှင့် ဗဟိုစာရင်းအင်း အဖွဲ့တို့မှ တွက်ချက်မှုအတည်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကျယ်တဝင့်ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဆရာ/ဆရာမများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် ပျက်စီးမှုအခြေအနေများကိုတင်ပြခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)