MNP ၊ မေ ၂၉
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း လူနေအိမ်များ၊ ကျောင်းများ၊ အဆောက်အဦများ ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ဗိုလ်မှူးချုပ် ဆန်နီအုန်း က ပေါက်တောမြို့နယ်၌ ကျောင်းဖွင့်ရာသီနီး လာပြီးဖြစ်၍ ကျောင်းဖွင့်ရက််မတိုင်မီ ပျက်စီးသွားသည့်ကျောင်းများအား အမြန်ဆုံးပြုပြင်ပြီး စီးနိုင်ရန် ဦးစားပေးပြင်ဆင်လျက်ရှိကြောင်း၊ ဆေးရုံ၊ဆေးခန်းများ ၊သာသနိကအဆောက်အဦများ၊ရုံးအဆောက်အဦများ၊လူနေအိမ်များ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သည့် အခါတွင်လည်း ဌာနဆိုင်ရာများ နှင့် ဒေသခံပြည်သူများ ပူးပေါင်းကူညီဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မုန်တိုင်းသင့် ရပ်ကွက် ကျေးရွာများမှ ဒေသခံပြည်သူများအား ဆန် နှင့် စားသောက်ဖွယ်ရာများကို လက်ဝယ်အရောက်ထောက်ပ့ံပေးလျက်ကြောင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး မိုခါ မုန်တိုင်း တိုက်ခတ်မှု ကြောင့် ပျက်စီးသွားခဲ့သည့် အဆောက်အအုံများ ဆောက်လုပ်ပြီးစီးမှု၊ဆောက်လုပ်ဆဲအခြေအနေ နှင့် မုန်တိုင်းသင့် ရပ်ကွက်ကျေးရွာများမှ ဒေသခံပြည်သူများအားထောက်ပံ့ပစ္စည်းများပေးအပ်နိုင်မှုများတင်ပြသည်။ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများကလည်းမုန်တိုင်းကြောင့် ပျက်စီးခဲ့ကြသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တင်ပြချက ်များ နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဗိုလ်မှူးချုပ် က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်/ကျေးရွာအုပ်စု(၅၈) အုပ်စုမှ အုပ်ချုပ်ရေးမှူးများတက်ရောက်ကြ ကြောင်းသိရသည်။
ဝင်းမင်းစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment