သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာ နှင့် ပတ်ဝန်းကျင် တစ်ဝိုက်၌ လေပြင်းတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် လူနေ အိမ်များပျက်စီးဆုံးရှုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာ နှင့် ပတ်ဝန်းကျင် တစ်ဝိုက်၌ လေပြင်းတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် လူနေ အိမ်များပျက်စီးဆုံးရှုံး




MNP ၊ မေ ၂၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာ နှင့် ပတ်ဝန်းကျင်တစ်ဝိုက်၌ ယနေ့နံနက် ၃ နာရီ ၄၅ မိနစ်မှ ၄ နာရီထိ ၁ နာရီလျှင် ပျမ်းမျှလေတိုက်နှုန်း ၃၀ မိုင်ခန့်ဖြင့် လေပြင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ လေပြင်းတိုက်ခိုက်မှုကြောင့် ရသေ့တောင်ကျေးရွာနှင့် ပတ်ဝန်းကျင် တစ်ဝိုက်ရှိ  ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ လူနေအိမ် ၂၁ လုံးတို့မှာ အမိုးလန်၍ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ နှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ  သွားရောက်၍ လိုအပ်သည့်ကူညီကယ် ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး တာဝန်ရှိသူများက  လေဘေးသင့်ဒေသခံ ပြည်သူ များအား အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)