ကရသူရိမြို့၌ ယိုးဒယားဒူးရင်းသီး အထွက်ကောင်း၍ ခြံပိုင်ရှင်များဝင်ငွေကောင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရသူရိမြို့၌ ယိုးဒယားဒူးရင်းသီး အထွက်ကောင်း၍ ခြံပိုင်ရှင်များဝင်ငွေကောင်း




MNP ၊ မေ  ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒူးရင်းခြံပိုင်ရှင်များသည် ယခုနှစ်တွင် အသီးထွက်အားကောင်းသည့်အပြင် ဈေးကောင်းလည်းရရှိနေ သဖြင့် ခြံပိုင်ရှင်များ ဝင်ငွေကောင်းနေကြောင်းသိရသည်။


“ဒူးရင်းကတော့ အဓိကမျိုးကောင်းကိုစတင်ရွေးချယ်ပြီး စိုက်ပျိုးရတယ်။ ယိုးဒယားမျိုးကိုင်းကူးနှင့် ရိုးရိုးအစေ့ချမျိုးဆိုပြီး ဒီဘက်ဒေသမှာ နှစ်မျိုးခွဲခြားရောင်းချ ကြတယ်။ ခြံပိုင်ရှင်အများစု စိုက်ပျိုးတာကတော့ ယိုးဒယားကိုင်းကူးမျိုးကို အဓိကစိုက်ပျိုးကြပြီး (၅) နှစ်အတွင်း အသီးထွက်အားကောင်းကာ ရိုးရိုးမျိုးကို ဝယ်ယူစိုက်ပျိုးမည်ဆိုပါက ၁၀ နှစ်ကျော်မှ အသီးစတင်ခူးနိုင်ပါတယ်” “လူကြိုက်များသည့် ယိုးဒယားဒူးရင်းပင်တစ်ပင်ကို ယခုပေါက်ဈေး (၁၀၀၀၀) ကျပ်နှင့် ဝယ်ယူရပြီး စနစ်တကျစိုက်ပျိုးပြုစုပေးပါက (၅) နှစ်အတွင်း အသီးများလှိုင်လှိုင်ထွက်၍ မိသားစုများ၏တွက်ခြေကိုက်သည့် နှစ်ရှည်စိုက်ပျိုးရေးတစ်ခုဖြစ်ပါတယ်။ ယခုအချိန်တွင် ဒူးရင်းသီးစတင်ထွက်ရှိပြီးဖြစ်၍ အလုံးကြီးတစ်လုံးကို (၇၀၀၀) ကျပ်နှင့် အလုံးငယ် (၃၀၀၀) ကျပ်ရရှိကာ ဒေသအတွင်းရောင်းချလျက်ရှိကြောင်း”  ခြံပိုင်ရှင်တစ်ဦးထံမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)