သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ





MNP ၊ မေ  ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့ မေလ ၂၉ ရက်‌နေ့ နံနက် ၈ နာရီအချိန်က ကွမ်းခြံကုန်းကျေးရွာ၍ ကျင်းပခဲ့သည်။


မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း ရည်ရွယ်၍ သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်နိုင်စေရန်၊ ရာသီဥတု ကောင်းမွန်မျှတစေရေး၊ အရိပ် အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေး၊ အပူချိန်လျှော့ချနိုင်စေရန် အပူဒဏ် ကာကွယ်နိုင်စေရေးတို့အတွက် စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ်စိုက်ပျိုးလျှက်ရှိလာခဲ့ကြရာမှ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ကျွန်း ပျိုးပင်(၃၀)၊ ပျဥ်းကတိုး ပျိုးပင်(၁၂၀)၊ မန်ဂျန်ရှား ပျိုးပင်(၁၀၀)၊ မဟော်ဂနီ ပျိုးပင်(၁၀၀) ပေါင်း(၃၅၀)တို့ကို ဇီးဖြူကွင်းကျေးရွာအုပ်စု၊

ကွမ်းခြုံကုန်းကျေးရွာ၊ (၁)ဧကတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


မျိုဇော်သိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)