MNP ၊ မေ ၃၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြဇေယျာရပ်ကွက် ကွင်းအမှတ် (၁၉၉) မလောက် ချောင်းဘေးရှိ တောင်သူဦးသန်းအောင်၏ လယ်ယာမြေ၌ တိုင်ထောင် ပဲတောင့်ရှည်ပင်များ စိုက်ပျိုးထားရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
တိုင်ထောင်ပဲတောင့်ရှည်ပင်များကို စတင်စိုက်ပျိုးရာတွင် ၃ ပေခြား၊ ကျင်းတစ်ကျင်းတွင် နွားချေးနှင့် ကြက်ချေး ရောစပ်ထားသော မြေဩဇာထည့်၍ ဘောင်စနစ်ဖြင့် စိုက်ပျိုးရပြီး အညွှန့်ထွက်လာပါက တိုင်ထောင်ပေးရခြင်း၊ ပေါင်းသင်ရှင်းလင်းပေးခြင်း၊ ပုလဲမြေဩဇာကို ရေဖျော်လောင်းပေးခြင်းဖြင့် အပင်ကြီးထွားနှုန်းကောင်းပြီး ယခုအချိန်တွင် ပဲတောင့်ရှည်ပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ပဲတောင့်ရှည် (၂၀)တောင့်ပါ တစ်စည်းလျှင် ကျပ်(၂၅၀)ပေါက်ဈေးရှိပြီး တစ်ရက်ခြား တစ်ခါဆွတ်ခူးလျှင် အစည်း(၃၀၀)ကျော်ရရှိသဖြင့် မိသားစုအတွက်အပိုဝင်များ ရရှိကြောင်း သိရသည်။
လင်းသွယ်သွယ်ဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment