စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၃ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ (၃၂) ကြိမ် ကျင်းပပြီး ပျိုးပင်ပေါင်း (၅၄၃၀၀၀) စိုက်ပျိုးဆောင်ရွက်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၃ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ (၃၂) ကြိမ် ကျင်းပပြီး ပျိုးပင်ပေါင်း (၅၄၃၀၀၀) စိုက်ပျိုးဆောင်ရွက်သွားမည်


MNP ၊ မေ  ၃၀

စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာနသည် ကြိုးဝိုင်းတော(၁၆၁)ခု၊ ၅၉၈၆၈၆၂ ဧက၊ ကြိုးပြင် ကာကွယ်တော(၁၁၁)ခု၊ ၁၇၅၂၁၁၉ဧက၊ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခု၊ ၃၀၁၇၀၂၃ ဧကတို့ကို ဖွဲ့စည်းထားရှိပြီး သဘာဝတောများကို ထိန်းသိမ်းကာကွယ်ခြင်း၊ ပြုစုထိန်းသိမ်းခြင်း၊ သစ်တော စိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။


၂၀၂၃ခုနှစ်၊ မိုးရာသီတွင် ပြည်သူလူထုအတွင်း သစ်ပင်စိုက်ပျိုးရေး၊ ပြုစုထိန်းသိမ်းရေးလုပ်ငန်းများကို စိတ်ပါဝင်စားလာစေရန်ရည်ရွယ်၍ လူထုလှုပ်ရှားမှုအသွင်ဖြင့် တိုင်းဒေသကြီးရှိမြို့နယ် အသီးသီးတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ (၃၂)ကြိမ် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုးရနအတွက် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ကံ့ကော်၊ စွယ်တော်၊ ယင်းမာ၊ တည်၊ ခရေ၊ စိန်ပန်း၊ မျောက်ငို၊ မဟော်ဂနီ အပါအဝင် သစ်မျိုး(၃၃)မျိုး၊ ပျိုးပင်ပေါင်း ၅၄၃၀၀၀ ပင်ကို ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း လာမည့် မိုးရာသီတွင် လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးအတွက် (၁၇၄၂၀)ပင်၊ ဒေသံပြည်သူများ၏ လောင်စာထင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ကျေးရွာထင်းစိုက်ခင်းအဖြစ် တစ်ရွာလျှင် (၂) ဧကနှုန်းဖြင့် ကျေးရွာ(၃၅)ရွာ၌ (၇၀)ဧက၊ ၈၄၇၀၀ပင် ၊ လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုးစုံ ပျိုးပင်ပေါင်း ၁၅၉၆၅ ပင်၊ ဌာနဆိုင်ရာ တပ်ရင်းတပ်ဖွဲ့နှင့် ဒေသခံပြည်သူများသို့ ပျိုးပင်ပေါင်း ၄၂၅၀၀၀ ပင် တို့ကို ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ သိရသည်။


ထို့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာန၌ တမာပျိုးပင် (၁၀၀၀၀၀)ပင်ကို ပျိုးထောင်ထားရှိပြီး လာမည့်မိုးရာသီ၌ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ မုံရွာခရိုင်တို့တွင် ဒေသစိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု ညီညွတ်မျှတစေရေးတို့အတွက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ စက်မှုကုန်ကြမ်းနှင့် အိမ်တွင်းစက်မှု၊ လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးအထောက်အကူပြုစေရန်အတွက် ဝါးပျိုးပင် (၇၇၅၀၀)ကိုလည်း ပျိုးထောင်စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)