နောင်ချိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းသား၊ ကျောင်းသူ (၁၇၉၈၈)ဦး ကျောင်းအပ်နှံပြီးဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းသား၊ ကျောင်းသူ (၁၇၉၈၈)ဦး ကျောင်းအပ်နှံပြီးဖြစ်



MNP ၊ မေ  ၃၀

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာအားလုံးတွင် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ် အဖြစ်သတ်မှတ်ထားပြီး ဇွန်လ ၁ ရက်နေ့မှ စတင်ကာ စာသင်ကျောင်းများအား ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မေလ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့ နံနက်ပိုင်းအထိ ကျောင်းအပ်နှံပြီးသည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၇၉၈၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။


နောင်ချိုမြို့နယ်အတွင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၁၈၈)ကျောင်း၊ ဘကကျောင်း(၂)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၃)ကျောင်း စုစုပေါင်း(၁၉၃)ကျောင်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံရာတွင် အသက် ၅ နှစ်အရွယ်ကလေးများအား သူငယ်တန်း(KG) တန်းတွင်အပ်နှံ၍ ၆ နှစ်အရွယ်ကလေးငယ်များအား ပထမတန်း Grade(1)သို့ အပ်နှံရမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရာ၌ အခကြေးငွေများ ကောက်ခံခြင်းမရှိကြောင်းနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်၊ ခဲတံများအခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)