ကျိန္တလီမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် စတင်ကျောင်းအပ်လက်ခံလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် စတင်ကျောင်းအပ်လက်ခံလျက်ရှိ






MNP ၊ မေ  ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများတွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်အတိုင်း မေလ ၂၃ ရက်၊ ယနေ့ နံနက် ၁၀ နာရီအချိန်မှ စတင်ပြီး  ကျောင်းအပ်လက်ခံလျက်ရှိသည်။


အဆိုပါ ကျောင်းသား/သူများအား သက်ဆိုင်ရာ  အတန်းပိုင် ဆရာ၊ ဆရာမ များက အတန်းအလိုက်     KG တန်းမှ Grade-12 အထိ ကျောင်အပ်လက်ခံပေးခဲ့ကြောင်းနှင့် ကျောင်းသား/ သူများကို ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးသော ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များကို လမ်းညွှန်ချက်နှင့်အညီ (အခမဲ့)ပေးအပ်သွားမည်ဖြစ်ပြီး ကျိန္တလီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၅၁)ကျောင်းတို့၌ ကျောင်အပ်လက်ခံခြင်းင်းကို မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေထိ လက်ခံပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)