ကျိန္တလီမြို့ (Commumity Centre)ခန်းမတွင် “ဝန်ထမ်းကျင့်ဝတ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့ (Commumity Centre)ခန်းမတွင် “ဝန်ထမ်းကျင့်ဝတ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်


MNP ၊ မေ  ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Commumity Centre)ခန်းမတွင် ယမန်နေ့ ညနေပိုင်းက  “ဝန်ထမ်းကျင့်ဝတ်” စာအုပ်မှ “ထမ်းဆောင်ရမည့်တာဝန်၊ စောင့်ထိန်းရမည့်ကျင့်ဝတ်နှင့် လိုက်နာရမည့် စည်းကမ်းများ” ခေါင်းစဉ်ပါအကြောင်းအရာများဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။


ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏အကျိုးအတွက် အချိန်ပြည့် အလုပ်လုပ်ရန် တာဝန်ရှိကြောင်း၊ မူလတာဝန်သာမက အခြားလိုအပ်သောတာဝန်များကိုလည်း နိုင်ငံတော်ကပေးအပ်လျှင် ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဒေါ်ဖြိုးဝေသူက ဝန်ထမ်းများစောင့်ထိန်းရမည့်ကျင့်ဝတ်များ  ခေါင်းစဉ်ပါ အကြောင်းအရာကို လည်းကောင်း၊ အငယ်တန်းစာရေး (အင်အားပြ) ဦးဇော်လင်းက ဝန်ထမ်းများလိုက်နာရမည့် စည်းကမ်းများအနက် အလုပ်ချိန်ဆိုင်ရာစည်းကမ်းများအား လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလိုသည်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


အဆိုပါ “ဝန်ထမ်းကျင့်ဝတ်”စာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ခြင်းအားဖြင့် ဝန်ထမ်းများသည် ထမ်းဆောင်ရမည့်တာဝန်၊ စောင့်ထိန်းရမည့်ကျင့်ဝတ်နှင့် လိုက်နာရမည့်စည်းကမ်းများကို ပိုမိုသိရှိ နားလည်နိုင်မည်ဖြစ်သည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment