ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စတင်လက်ခံလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စတင်လက်ခံလျက်ရှိ






MNP ၊ မေ  ၂၃

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်(၂၀၂၃- ၂၀၂၄) ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံကြစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံခြင်းကို ယနေ့၊ နံနက်ပိုင်းက စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိသည်။


ထိုသို့ကျောင်းလက်ခံရာတွင် မည်သည့်အခကြေးငွေများ ကောက်ခံခြင်းမရှိသည့်အပြင် နိုင်ငံတော်မှ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပန်၊ ခဲတံ၊ ပေတံစသည်တို့ကို  ကျောင်းအပ်လာသူအားလုံးကို သက်ဆိုင်ရာဘာသာတွဲအလိုက် အခမဲ့ထောက်ပံ့ပေးခဲ့သည်။


ပုဏ္ဏားကျွန်းမြို့နယ်တွင် အခြေခံ ပညာကျောင်းပေါင်း(၁၉၉)ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း(၅) ကျောင်းကိုယ်ပိုင်ကျောင်း(၃)ကျောင်းရှိပြီး၊(၂၀၂၃-၂၀၂၄)ပညာသင်နှစ် အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မေလကုန်အထိ ကျောင်းအပ် လက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)