ရသေ့တောင်မြို့တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား ကျင်းပ







MNP ၊ မေ ၅

ရခိုင်ပြည်နယ်၊ စစ်တွေရိုင်၊ ရသေ့တောင်မြို့နယ်တွင် ၂၀၂၃ခုနှစ် ၊ မေလ (၅)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ 


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဥက္ကဌ ဦးနိုင်လင်းထက်က ၂၀၂၃ခုနှစ် ၊ မေလ (၅)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မိန့်ခွန်းအား ဖတ်ကြားခဲ့သည်။ (၇၇)နှစ်အတွင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေဖြင့် ပြည်သူလူထုအတွင်း မီးဘေးလုံခြုံရေး၊ သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် ရည်မှန်းချက် တာဝန်များကို ဦးလည်မသုန် တာဝန်ထမ်းဆောင်ခဲ့ကြသည်ကို ဂုဏ်ပြုသည့် အခမ်းအနားဖြစ်ကြောင်း သိရသည်။ 


ထို့​နောက် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့‌ နေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက်အလှူရှင်များအားဂုပြုမှတ်များများပေးအပ်ခဲ့သည်။ ယင်းနောက်စံပြဆုရရှိသောတပ်ဖွဲ့ဝင်များအားဂုဏ်ပြုမှတ်များပေးအပ်ပြီး စုပေါင်းအမှတ်တရဓါတ်ပုံများရိုက်ကူခဲ့ကြသည်။


ဆက်လက်ပြီးရုံး‌ ရှေ့တွင် မီးငြိမ်းသတ်မှုအစီးအစဥ်များအားလက်တွေ့ပြသခဲ့ကြကြောင်းသိရှိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)