MNP ၊ မေ ၅
ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ပေါက်တောမြို့နယ်တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ထံမှပေးပို့သော (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးက ဖတ်ကြားပေးသည်။
ထို့နောက်တစ်နှစ်တာ ယူနီဖောင်းဝတ်ပြိုင်ပွဲတွင် ဆုရရှိသည့် တပ်ဖွဲ့ဝင်များ၊ (၇၇)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ မီးသတ်ကျင့်ဝတ်ဖြေဆိုသည့် ဆုရရှိသည့် တပ်ဖွဲ့ဝင်များကို တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ပြီး အနားကိုရုပ်သိမ်းကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment