MNP ၊ မေ ၅
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် အရေးပေါ်တုန့်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ(၄း၃၀)ကပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် ကပူးပြင်းခြောက်သွေ့သောရာသီဖြစ်သည့် ဧပြီလနှင့် မေလများတွင် မီးလောင်ခြင်းများ၊လေပြင်းတိုက်ခတ်ခြင်းများ စသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်သည့်အတွက် မြို့နယ်အတွင်းရှိ တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊ပြည်သူ့စစ်၊ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၊ပရဟိတစေတနာရှင်ပြည်သူများ၊ရပ်ကွက်/ကျေးရွာရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ကအချိန်နှင့်တပြေးညီတုန့်ပြန်ဆောင်ရွက် ပေးကြရန် လိုအပ်ပါကြောင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူးသံမရောင် က သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရဲတပ်ဖွဲ့ဝင်များအနေဖြင့်အချိန်မီသွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဆွေးနွေးသည်။
ဆက်လက်၍ မီးသတ်ဦးစီးဌာန၊လျှပ်စစ် နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက သဘာဝဘေးအန္တရာယ်အရေးပေါ်တုန့်ပြန်မှုများကို အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့သည်။
အဆိုပါအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်သက်ဆိုင်ရာဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment