MNP ၊ မေ ၅
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးနှင့်လူတိုင်းရောဂါဘယ ကင်းရှင်းစေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူ များအား ကိုဗစ်-၁၉ ကာကွယ် ဆေး စတုတ္ထအကြိမ်နှင့်ပဉ္စမအကြိမ် ထိုးနှံခြင်းကို ယနေ့၊ နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးကွဲသစ် (XBB.1.16)ကူးစက်ဖြစ်ပွားမှုနှုန်းကို လျော့ချနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများကို စတုတ္ထအကြိမ်နှင့်ပဉ္စမအကြိမ် အဖြစ် ပြည်သူ့ကျန်း မာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူရှိန်တိုင်းတာ ခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများဆောင်ရွက်ပေးပြီး ပုံမှန်အနေ
အထားရှိမှသာ ကာကွယ် ဆေးအားထိုးနှံပေးခဲ့သည်။
ယမန်နေ့က ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဌာနတွင် စတုတ္ထအကြိမ်နှင့်ပဉ္စမ အကြိမ်ထိုးနှံသူ ၂၃၄ ဦးနှင့်ပိုးရွှီပြင်တိုက်နယ်ပြည်သူ့ဆေးရုံတွင် ၄၈ ဦးလာရောက်ထိုးနှံခဲ့ပြီး၊ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၌ နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment