မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော အမေရိကန်နှင့် အပေါင်းအပါများအား ဆန့်ကျင်ကွန့်ကွက်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော အမေရိကန်နှင့် အပေါင်းအပါများအား ဆန့်ကျင်ကွန့်ကွက်ပွဲ ကျင်းပ













MNP ၊ မေ ၂၃

နေပြည်တော်၊ လယ်ဝေးမြို့၊ အောင်းကုန်းရွာတွင် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော အမေရိကန်နှင့် အပေါင်းအပါများအား ဆန့်ကျင်ကန့်ကွက်ပွဲကို အမျိုးသားရေးဦးဆောင်ဆရာတော် ဦးပညာ က ဦးဆောင်ကျင်းပခဲ့ပြီး မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ကိုနောင်တော်လေး နှင့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ကိုရွှေထားတို့မှ အကြမ်းဖက်လှုပ်ရှားမှု၏ နောက်ကွယ်မှ အမေရိကန်နှင့်အပေါင်းအပါများက ထောက်ပံ့ကူညီပေးပြီး အကြမ်းဖက်လုပ်ရပ်များဖြစ်အောင် ဖန်တီးနေမှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောဆိုသွားသည်။

အခမ်းအနားကို ဇာတိမာန်သီချင်း သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ကြပြီး ကိုနောင်တော်လေး က အကြမ်းဖက်လှုပ်ရှားမှုများ စတင်ဖြစ်ပေါ်လာပုံ၊ အကြမ်းဖက်လှုံ့ဆော်သူများ အမေရိကန်ကို ထွက်ပြေးတိမ်းရှောင်သွားသည့် အခြေအနေ၊ CRPH, NUG အကြမ်းဖက်အဖွဲ့မှ ဦးဆောင်သူများက ၎င်းတို့၏ သြဇာခံ PDF အကြမ်းဖက်သမားများထံ ဓာတ်ပုံများ၊ အချက်အလက်များ ပေးပို့၍ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်ခိုင်းနေသည့် အခြေအနေ၊ CRPH, NUG  အကြမ်းဖက်အဖွဲ့များကို အမေရိကန်က ထောက်ပံ့ပေးပြီး မြန်မာနိုင်ငံအတွင်း ပြည်သူအချင်းချင်း သတ်ဖြတ်မှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်နေသည့် အခြေအနေ၊ အမေရိကန် နိုင်ငံသားများက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွင် လာရောက်၍ PDF ကို အကြမ်းဖက်သင်တန်း ပေးနေသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောဆိုသွားသည်။

အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ကိုရွှေထားမှ အမေရိကန်က အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့ပေးနေသည့် အခြေအနေနှင့် နယ်စပ်ဒေသများမှ လက်နက်များတရားမဝင် တင်သွင်းနေသည့် လက်နက်ပွဲစားများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သင့်သည့် အခြေအနေ၊ အမျိုးသားရေး အန္တရာယ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး သွားခဲ့သည်။

ကိုနောင်တော်လေး ၏ ရှင်းလင်းပြောဆိုချက်တွင် အမေရိကန် က ပံ့ပိုးပေးထားသော CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် အပါး ၇၀ ကျော် အပါအဝင် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ငါးထောင်ကျော် သေဆုံးခဲ့ရပြီဖြစ်ကြောင်း၊ နေ့စဉ် အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် ၅ယောက် သို့မဟုတ် ၆ ယောက် သေဆုံးနေရကြောင်း၊ မြန်မာပြည်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်၍ အချုပ်အခြာအာဏာကို ဖျက်ဆီးရန် ကြိုးပမ်းနေသော အမေရိကန် အပါအဝင် မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုသော နိုင်ငံများ၊ အဖွဲ့အစည်းများကို ပြည်သူတစ်ရပ်လုံးက ညီညီညွတ်ညွတ် ကန့်ကွက်ကြရန် လိုအပ်ကြောင်းဖြင့် ထည့်သွင်း ဆွေးနွေးပြောဆိုသွားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)