ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့်တာဝန်ရှိသူများက မြောက်ဦးမြို့နယ် အတွင်းရှိ ဆိုင်ကလုန်းမုန် တိုင်းကြောင့် အမိုးလန်ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းဆန် တော်များနှင့်လှူဖွယ်ဝတ္တုများဆပ်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့်တာဝန်ရှိသူများက မြောက်ဦးမြို့နယ် အတွင်းရှိ ဆိုင်ကလုန်းမုန် တိုင်းကြောင့် အမိုးလန်ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းဆန် တော်များနှင့်လှူဖွယ်ဝတ္တုများဆပ်ကပ်လှူဒါန်း





MNP ၊ မေ  ၂၁

မြောက်ဦးမြို့နယ်အတွင်းရှိ မုန်တိုင်းကြောင့် အမိုးလန်ပျက်စီးသွားသည့် ဘုန်းတော်ကြီး ကျောင်း များသို့သွားရောက်၍ ယနေ့ နံနက် ၉ နာရီအချိန်က ဆွမ်းဆန်တော်များ နှင့်လှူဖွယ် ဝတ္တုများ ဆပ်ကပ်လှူဒါန်း ပေးခဲ့ ကြသည်။


ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့် အဖွဲ့သည် မြောက် ဦးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်း များ ဖြစ် သော သာသနာ့လင်္ကာရဘုန်း တော်ကြီး ကျောင်း၊ ထမ္မရာဇ်ဘုန်းတော်ကြီးကျောင်း၊ သဇင် တောရ ကမ္မဌာန်းကျောင်းတိုက် နှင့် အောင်မင်္ဂလာ ကျောင်းတိုက် ဆရာတော်ကြီးဖြစ်သော နိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု ဒေါက်တာ ဘဒ္ဒန္တပညာသာမိ အရှင်သူမြတ်ထံမှ ဩဝါဒခံယူ ကြပြီးနောက် မုန်တိုင်း ဒဏ်ကြောင့် ဘုန်းတော်ကြီးကျောင်းများအား ပျက်စီးသွား သည့် အ ဆောက် အဦးများအား သွား ရောက်လှည့်လည် ကြည့်ရှုခဲ့ကြရာ ပြန်လည်ပြုပြင်နိုင်ရန် အတွက် တာဝန်ရှိသူများကို ရှင်းလင်း ပြောကြားခဲ့ပြီး ဘုန်း တော်ကြီးကျောင်းများရှိ ရဟန်း၊သဃာများ ဆွမ်း အဆင် ပြေစေ ရန်အတွက်  ဆရာတော် အရှင် သူမြတ်များအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ သော ဆန်၊ဆီ များ နှင့် လှူဖွယ်ဝတ္တုများ ကို ဆပ်ကပ်လှူဒါန်းပေးခဲ့ကြသည်။


မြောက်ဦးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများအား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္တုများ ဆပ်ကပ်လှူဒါန်းရာသို့ ဗိုလ်ချုပ် သောင်းထိုက်ရွှေ၊ နယ်မြေခံတပ်မမှူး၊ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိ ယ ရဲမှူးကြီးခင်မောင်စိုး၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးစိုးသက် နှင့်တာဝန်ရှိသူများက ပျက်စီးသွားသည့် ဘုန်းတော် ကြီးကျောင်း များအား ပြန်လည်ပြုပြင်နိုင်ရန် နှင့်ဆွမ်းဆန်များအဆင်ပြေစေရန်အတွက် သွား ရောက် ဆပ်ကပ် လှူဒါန်ပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)