ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများအား စစ်တွေမြို့ ကုတင် (၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအခမဲ့ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများအား စစ်တွေမြို့ ကုတင် (၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအခမဲ့ဆောင်ရွက်








MNP ၊ မေ  ၂၁

     ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့်ဒေသခံပြည်သူများကို စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာခင်ခင်ဇော်ဦးဆောင်သည့်  အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးကုသရေးအဖွဲ့နှင့်စစ်တွေမြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးပညာဦးစီးဌာနက ကျန်းမာရေးအသိပညာပေးခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်


မှုလုပ်ငန်းများကို ယနေ့၊ နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်ရှိ မြို့မ ဘုန်းတော်ကြီးကျောင်း တိုက်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက် ပေးလျက်ရှိသည်။


    အဆိုပါကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက လာရောက်ကြည့်ရှုပြီး၊ ဆေးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူ များကို အားပေးစကားများပြောကြားကာ သောက်ရေသန့်ဗူးနှင့်စားသောက်ဖွယ်ရာ မာမီးခေါက်ဆွဲများ ထောက်ပံ့ပေးအပ်ခဲ့သည်။


  ထိုသို့ဆောင်ရွက်ရာပေးရာတွင် စစ်တွေမြို့ ကုတင်(၅၀၀)ဆံ့ပြည်သူ့ဆေး ရုံကြီးမှ ဒေါက်တာ ခင်ခင်ဇော်ဦးဆောင်သည့် အထူးကုသမားတော်ကြီးများနှင့်သူနာပြုများပါဝင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ မုန်ခါမုန်တိုင်းတိုက်ခတ်မှုကြောင့် လေဘေးဒဏ်ခံစားရသော ပြည်သူများအား ဆေးကုသမှုအခက်အခဲ့ မရှိစေရေးအတွက်  ကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ မျက်စိ၊ နား၊ လည်ချောင်း ရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ကုသမှုရောဂါ၊ အမျိုးသမီးများ မီးယပ်ရောဂါ၊ စိတ်ကျန်းမာရေး နှင့်အထွေထွေရောဂါများ ခံစားနေရသည့် ဝေဒနာရှင်များအား ရောဂါရှာဖွေစမ်းသပ်မှုများ ဆောင်ရွက်ပေးကာ လိုအပ်သည့်ဆေးဝါးများဖြင့် အခမဲ့ကုသပေးပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက လိုသည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment